မက္ကဆီကိုသမ္မ

January 30, 2021

ကိုဗစ်-၁၉ ကူးစက်ခံထားရသည့် မက္ကဆီကိုသမ္မတ ကျန်းမာရေးကောင်းမွန်

ကျန်းမာရေးအခြေအနေ ကောင်းမွန်ပေမယ့် အနားယူဖို့ လိုအပ်တယ်လို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ မက္ကဆီကိုသမ္မတ အန်ဒရေးမန်နျူရယ် လိုပက်ဇ်အော်ဘရေဒိုက ဇန်နဝါရီ ၂၉ ရက်မှာ ပြောပါတယ်။

နှလုံးနဲ့ သွေးတိုးရောဂါအခံရှိတဲ့ အသက် ၆၇ နှစ်အရွယ် လိုပက်ဇ်အော်ဘရေဒိုက သူဟာ ကိုဗစ်ရောဂါလက္ခဏာ အနုစားအတွက် ကုသမှုခံယူနေတယ်လို့ ဇန်နဝါရီ ၂၄ ရက်မှာ ပြောပါတယ်။

ဗွီဒီယိုထဲမှာ သမ္မတအော်ဘရေဒိုက အစိုးရအနေနဲ့ အိန္ဒိယက အက်စ်ထရာဇန်နက်ကာ ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၈၇၀,၀၀၀ လောက် တင်သွင်းဖို့နဲ့ မက္ကဆီကိုမှာ ကိုဗစ်ကာကွယ်ဆေးထုတ်ဖို့ စီစဉ်နေတယ်လို့ ပြောဆိုပါတယ်။

မက္ကဆီကိုနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် စုစုပေါင်း သေဆုံးသူ ၁၅၆,၀၀၀ ကျော်ရှိပြီး အိန္ဒိယထက် သေဆုံးသူ ပိုများတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

9 months Ago
Up