မက္ကဆီကိုနိုင်ငံမြောက်ပိုင်းက ဗီလာယူနီယံမြို့မှာ အခုသီတင်းပတ်ကုန်အတွင်း သံသယရှိဖွယ် ရာဇဝတ်ဂိုဏ်းဝင် သေနတ်သမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား တိုက်ခိုက်မှုတွေကြောင့် လူ ၂၀ သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒီဖြစ်ရပ်က မက္ကဆီကိုသမ္မတ လိုပက်ဇ်အိုဘရာဒိုအတွက်တော့ ရာဇဝတ်ဂိုဏ်း ပဋိပက္ခတွေကို နှိမ်နင်းရေး ဖိအားတွေ ပိုများစေခဲ့သလို အိမ်နီးချင်းအမေရိကန်နိုင်ငံကလည်း မက္ကဆီကိုရဲ့ ရာဇဝတ်ဂိုဏ်းတွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် တံဆိပ်တပ်မယ်လို့ ကတိပြုခဲ့ပါ သေးတယ်။
ဒါပေမဲ့ သမ္မတအိုဘရာဒိုကတော့ ပြည်တွင်းရေးကို ပြည်ပက ကြားဝင်စွက်ဖက်တာမျိုး လက်ခံမှာ မဟုတ်ဘူးလို့ ဒီဇင်ဘာ ၁ ရက်က ထပ်လောင်းပြောပါတယ်။
နိုဝင်ဘာ ၃၀ ရက်နဲ့ ဒီဇင်ဘာ ၁ ရက်က ဗီလာယူနီယံမြို့မှာ အကြီးစား သေနတ်ပစ်ခတ်မှု ဖြစ်ပြီးနောက် ဒေသခံလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် သေနတ်သမား ၁၄ ယောက် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင် ၁၇ ယောက်ကိုလည်း ရဲတွေက နှိမ်နှင်းသုတ်သင်ခဲ့တယ်လို့ ကွာဟွေလာပြည်နယ် အစိုးရက ပြောပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့လယ်ပိုင်းကလည်း သေနတ်ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့တာကြောင့် ရာဇဝတ်ဂိုဏ်းတွေ နှိမ်နင်းရေးနဲ့ပတ်သက်လို့ မက္ကဆီကိုအစိုးရရဲ့ ကိုင်တွယ်မှဒ အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။
အရပ်သားနှစ်ယောက်ရဲ့ အလောင်းကိုလည်း တွေ့ရပြီး သေနတ်သမားတွေရဲ့ လက်ချက်ကြောင့်လို့ ယူဆရတယ်လို့ မက္ကဆီကို အစိုးရက ပြောပါတယ်။
သေနတ်ပစ်ခတ်မှု နှစ်ရက်အတွင်း သေနတ်သမား အယောက် ၆၀ ကျော် ပါဝင်ခဲ့ပြီး သူတို့ရဲ့ ယာဉ်အစီးရေ ၁၇ စီးကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
3 years Ago