မက္ကဆီကိုကာကွယ်ရေးဝန်ကြီးဟောင်း

A d v e r t i s e m e n t With Us

November 19, 2020

မက္ကဆီကိုကာကွယ်ရေးဝန်ကြီးဟောင်းအပေါ် စွဲချက် အမေရိကန်ရုပ်သိမ်း၊ မက္ကဆီကိုထံလွှဲမည်

မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဟောင်း ဆာဗာဒိုစန်ဖူဂို့စ်အပေါ် စွဲဆိုထားတဲ့ မူးယစ်ဆေး ဆိုင်ရာစွဲချက်တွေကို ရုပ်သိမ်းပြီး မက္ကဆီကိုဘက် လွှဲပြောင်းသွားမယ်လို့ အမေရိကန် တရားရေးဌာန (DOJ) နဲ့ မက္ကဆီကိုရှေ့နေချုပ်ရုံးတို့က နိုဝင်ဘာ ၁၇ ရက်မှာ ပူးတွဲထုတ်ပြန်ခဲ့ ပါတယ်။  သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေကို ရုပ်သိမ်းပေးရင် ဆန္ဒအလျောက် မက္ကဆီကိုပြန်ဖို့  ကာကွယ်ရေးဝန်ကြီးဟောင်း စန်ဖူဂို့စ်က သဘောတူခဲ့တယ်လို့ အမေရိကန်အာဏာပိုင်တွေ ဆိုပါတယ်။  ကာကွယ်ရေးဝန်ကြီးဟောင်း စန်ဖူဂို့စ်က သူ့အပေါ်စွဲဆိုထားတဲ့ မူးယစ်မှောင်ခိုမှု၊ ငွေကြေး ခဝါချမှုတွေအတွက် အပြစ်မရှိဘူးလို့ ဒီလအစောပိုင်းမှာ ထွက်ဆိုခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ လက လော့စ်အိန်ဂျလိစ်လေဆိပ်မှာ အမေရိကန်အာဏာပိုင်တွေက စန်ဖူဂို့စ်ကို ဖမ်းဆီးခဲ့တာပါ။  မက္ကဆီကိုကာကွယ်ရေးဝန်ကြီးဟောင်းအပေါ် စွဲဆိုထားတဲ့ စွဲချက်တွေကို ရုပ်သိမ်း လိုက်တာဟာ ထူးခြားပြီး မက္ကဆီကို အချုပ်အခြာနဲ့ မက္ကဆီကို စစ်တပ်နှစ်ခုစလုံးအပါ် လေးစားတဲ့ အမှတ်လက္ခဏာဖြစ်တယ်လို့လည်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 
4 months Ago

November 6, 2020

နယူးယောက်တရားရုံး၌ မက္ကဆီကိုကာကွယ်ရေးဝန်ကြီးဟောင်း အပြစ်မရှိဟု လျှောက်လဲ

မူးယစ်မှောင်ခိုမှုနဲ့အမေရိကန်မှာ ထိန်းသိမ်းခံရတဲ့မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဟောင်း က သူ့မှာ အပြစ်မရှိဘူးလို့  နိုဝင်ဘာ ၅ ရက်က နယူးယောက်တရားရုံးမှာ လျှောက်လဲခဲ့ပါတယ်။ အမေရိကန်မူးယစ်တိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း  မက္ကဆီကိုကာကွယ်ရေး ဝန်ကြီးဟောင်း ဆာဗာဒိုစန်ဖူဂို့စ်ဟာ  ပြီးခဲ့တဲ့လက လော့စ်အိန်ဂျလိစ်လေဆိပ်မှာ အဖမ်းခံခဲ့ရတာပါ။  လောလောဆယ်မှာ သူ့ကို  ဘရွတ်ကလင်ရှိ မက်ထရိုပိုလီတန်အကျဉ်းစခန်းမှာ ထိန်းသိမ်းထားပါတယ်။  စန်ဖူဂို့စ်ဟာ  လွန်ခဲ့တဲ့ ၂ နှစ်အထိ မက္ကဆီကို မူးယစ်ဂိုဏ်းဖြိုခွင်းရေးမှာ ထိပ်ပိုင်း ခေါင်းဆောင်ဖြစ်ခဲ့ပြီး အမေရိကန်အာဏာပိုင်တွေက သူ့ကို ဖမ်းခဲ့တာကြောင့်  မက္ကဆီကိုနဲ့ အမေရိကန်တို့ရဲ့ မူးယစ်နှိမ်နှင်းမှု ပူးပေါင်းဆောင်ရွက်ရေးကို ဆိုးဆိုးရွားရွားထိခိုက်စေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။    
4 months Ago
Up