မက္ကစီကိုသမ္မတနန်းတော်

A d v e r t i s e m e n t With Us

April 6, 2020

မက္ကစီကိုသမ္မတနန်းတော် အပြင်ဘက်တွင် စားပွဲထိုး ရာချီ ဆန္ဒပြ

မက္ကဆီကိုနိုင်ငံရဲ့ မြို့တော် မက္ကကိုစီးတီးက သမ္မတနန်းတော် အပြင်ဘက်မှာ ရာနဲ့ချီတဲ့ စားပွဲထိုးတွေ ဧပြီလ ၅ ရက်က ဆန္ဒပြခဲ့ကြပါတယ်။  ဆင်းရဲသူတွေကို ကူညီဖို့နဲ့ အလုပ်အကိုင်ဖန်တီးဖို့ ကတိပြုရင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အကြပ်အတည်းကနေ စီးပွားရေးကို ဆွဲတင်မယ့် သမ္မတရဲ့စီမံကိန်းကို ဆန့်ကျင်ဆန္ဒပြတာလည်း ဖြစ်ပါတယ်။  လူမှုရေးပွဲလမ်းတွေကို ဖျက်သိမ်းပြီး စားသောက်ဆိုင်တွေဘားတွေကို ပိတ်အပြီးမှာ ဝင်ငွေမရှိဘဲ ကျန်ရစ်တဲ့သူ စားပွဲထိုးတွေဟာ ၁ လဝင်ငွေ အမေရိကန်ဒေါ်လာ ၃၁၂ ဒေါ်လာကို တောင်းဆိုနေကြတာပါ။  လာမယ့် ၉ လအတွင်း အလုပ်အကိုင်သစ် ၂ သန်းကို ဖန်တီးဖို့ မက္ကဆီကို သမ္မတ အန်ဒရေ မန်နျူယယ် လိုပဲ့ဇ်အိုဘရဒေါက ကတိပြုထားတာပါ။  အိမ်ချေးငွေနဲ့ အငယ်စားစီးပွားရေးလုပ်ငန်းတွေ တိုးမြှင့်မဲ့ ကြွေးမြီကို ရှောင်ရှားဖို့ ပြည်သူပိုင်ကဏ္ဍ ခြိုးခြံချွေတာရေးကို တင်းကြပ်မယ်လို့ သမ္မတက ကတိပြုပါတယ်။  သမ္မတရဲ့ ကတိတွေဟာ လိုအပ်တာကို ပြည့်မီဖို့ အဝေးကြီး လိုသေးတယ်ဆိုပြီး ဝေဖန်သံ မြင့်တက်ခဲ့ပါတယ်။
11 months Ago
Up