မက္ကစီကို

A d v e r t i s e m e n t With Us

July 30, 2020

မက္ကစီကိုတွင် ကိုယ်ဝန်ဖျက်ချမှုကို ရာဇဝတ်မှုအဖြစ်သတ်မှတ်သည့်ဥပဒေ ပယ်ဖျက်ရန် မရှိသေး 

ရှေးရိုးစွဲ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တို့ကြီးစိုးရာ မက္ကစီကိုနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချ တာကို ရာဇဝတ်မှုလို့ သတ်မှတ်ထားရာက အဲဒီဥပဒေသတ်မှတ်ချက်ကို ပယ်ဖျက်နိုင်တဲ့ တရားရုံး အမိန့် စာကို တရားရုံးချုပ်က ထုတ်မပေးဘဲ ငြင်းဆန် လိုက်ပါတယ်။ ဒီကိစ္စဟာ ဗေရာခရုဇ်ပြည်နယ်ထဲမှာ ကိုယ်ဝန်ရှိစ ပထမ ၃ လအတွင်း ကိုယ်ဝန်ဖျက်ချရင် ရာဇဝတ်မှုသင့်တဲ့ဥပဒေ ပိုဒ်ခွဲအချက်ကို ပယ်ချရေး တရားဝင်အမိန့်စာနဲ့ ပတ်သက်နေပါတယ်။ တနိုင်ငံလုံးမှာ ကိုယ်ဝန်ဖျက်ချတာကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ရာက ပယ်ဖျက်ပေးရေး လမ်းကြောင်းဖောက်မယ့် အပြုသဘောဆောင်တဲ့ ဆုံးဖြတ်ချက်ကို တက်ကြွလှုပ်ရှားသူတွေက မျှော်လင့်နေခဲ့ကြတာပါ။  မက္ကစီကို  နိုင်ငံအတွင်း ပြည်နယ် ၃၂ ခုထဲက အောက်ကာဆာနဲ့ မက္ကစီကိုစီးတီးပြည်နယ် ၂ ခုမှာသာ ကိုယ်ဝန်ဖျက်ချခွင့်ကို တရားဝင် ခွင့်ပြုထားပါတယ်။  ၂၀၀၈ ခုနှစ်တရားရုံးချုပ်ဆုံးဖြတ်ချက်အရ မက္ကစီကို နိုင်ငံအတွင်း ပြည်နယ်တွေဟာ ကိုယ်ဝန်ဖျက်ချခွင့်အပါအဝင် ကျန်းမာရေးမူဝါဒတွေကို ကိုယ်တိုင် ချမှတ်ဖို့ အခွင့်အရေးပေးခံ ထားရပါတယ်။ 
7 months Ago

July 2, 2020

မက္ကစီကိုနိုင်ငံရှိ မူးယစ်ဆေးဖြတ်စင်တာ တိုက်ခိုက်ခံရပြီး ၂၄ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံအလယ်ပိုင်း  အီရာပိုရာတိုမြို့ရှိ  မူးယစ်ဆေးဖြတ်စင်တာတစ်ခုမှာ  ဇူလိုင်လ ၁ ရက်က   သေနတ်သမားတွေ တိုက်ခိုက်လို့ လူ ၂၄ ယောက် သေဆုံးခဲ့ပါတယ်။ သတင်းထောက်တွေကို ရဲတပ်ဖွဲ့ ပြသတဲ့ ဓာတ်ပုံတွေထဲမှာ   အခန်းတစ်ခုအတွင်း  သွေးတွေနဲ့ လဲကျ သေဆုံးနေတဲ့ ရုပ်အလောင်း ၁၁ လောင်းထက် မနည်းကို တွေ့ရပါတယ်။  တိုက်ခိုက်မှုမှာ ဒဏ်ရာရခဲ့သူ ၃ ယောက် အခြေအနေက အတော်ဆိုးရွားပြီး  အဲဒီစင်တာ ဟာ တရားဝင်မှတ်ပုံ တင်မထားဘူးလို့   ရဲတပ်ဖွဲ့က ဆိုပါတယ်။   ဂွါနာကွာတိုရှေ့နေချုပ်က ဒီတိုက်ခိုက်မှုကို သူရဲဘောကြောင်တဲ့ ရာဇဝတ်မှုလို့ ခေါ်ဆို လိုက်ပြီး   စုံစမ်းစစ်ဆေးဖို့ အထူးအဖွဲ့ကို တာဝန်ပေးထားတယ်လို့ ပြောဆိုပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးကလည်း  ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အာဏာပိုင်တွေ အကြား အကြမ်းဖက်မှုကို ကိုင်တွယ်ဖို့ရာ  ပူးပေါင်းဆောင်ရွက်ဖို့ကို တောင်းဆိုလိုက်ပါတယ်။  အကြမ်းဖက်မှုတွေကို လျှော့ချမယ်လို့ ကတိပြုပြီး  သမ္မတဖြစ်လာတဲ့ လိုပက်ဇ် အော်ပရေဒိုရဲ့ ၁၉ လတာ  သက်တမ်းအတွင်း  ဒီတိုက်ခိုက်မှုဟာ  လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခု ဖြစ်တယ်လို့ ရိုက်တာသတင်းက ရေးသားပါတယ်။ 
8 months Ago
More News
Up