မကိုင်တွယ်

July 10, 2020

ကိုဗစ်-၁၉ ကပ်ဘေး ထိထိရောက်ရောက်မကိုင်တွယ်ဟု အမေရိကန်အစိုးရကို ကျွမ်းကျင်သူများ ပြစ်တင်

ကိုဗစ် ၁၉ ကပ်ဘေးကို ထိထိရောက်ရောက်မကိုင်တွယ်တာကြောင့် အခုဖြစ်နေတဲ့ အခြေ အနေအတွက် အမေရိကန်အစိုးရဟာ တာဝန်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။  အမေရိကန်အစိုးရဟာ ကပ်ဘေးသတိပေးချက်တွေကို အကြိမ်ကြိမ် လျစ်လျူရှုခဲ့သလို  ထိန်းချုပ်မှုပိုင်းမှာလည်း အားနည်းခဲ့တယ်လို့ ဆိုပါတယ်။  ဒီလိုအခြေအနေတွေမှာ ရောဂါကူးစက်မှုနဲ့ ထိန်းချုပ်ရေးအတွက် အချိန်ကောင်းတွေကို ဖြုန်းတီးနေသလိုပဲလို့ ကပ်ရောဂါဗေဒပညာရှင် ဒန်းနစ်ကာရိုက ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ အမေရိကန်မှာ ပြည်နယ်တွေ စီးပွားရေး ပြန်ဖွင့်တာကလည်း ကူးစက်မှုနှုန်း ပိုများနေစေ ပါတယ်။ ဒါကို ဒုတိယလှိုင်းလို့ မခေါ်သေးပေမဲ့  ပထမလှိုင်းမှာတင်  တော်တော်များနေတာပါ။ အမေရိကန်ပြည်ထောင်စုမှာ အခုဆို  အတည်ပြုလူနာစာရင်းဟာ ၃.၂ သန်းကျော်လာပြီး သေဆုံးသူလည်း ၁ သိန်း ၃ သောင်းကျော်နေပြီလို့ သိရပါတယ်၊
10 months Ago
Up