နှာခေါင်းစည်းတပ်တာ တခုတည်းနဲ့ ကိုဗစ်-၁၉ ကို မကာကွယ်နိုင်ဘူးလို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO )ညွှန်ချုပ် ဒေါက်တာ တက်ဒရိုက ဇွန်လ ၅ ရက်မှာ ပြောဆိုလိုက်ပါတယ်။
တဦးနဲ့တဦး ခပ်ခွာခွာနေတာ၊ လက်ဆေးတာနဲ့ တခြားကျန်းမာရေး အစီအမံတွေနေရာကို နှာခေါင်းစည်းတပ်တာက အစားထိုးမှာ မဟုတ်ဘဲ နှာခေါင်းစည်းဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေး နည်းလမ်း တစိတ်တပိုင်း အနေနဲ့သာ အကျိုးများတယ်လို့ ဒေါက်တာ တက်ဒရိုက ပြောဆိုပါတယ်။
နိုင်ငံတိုင်းမှာ ကိုဗစ်-၁၉ တုံ့ပြန်ရေး အခြေခံအုတ်မြစ်က ရှာဖွေတာ၊ သီးခြားခွဲထားတာ၊ ရောဂါပိုး ရှိ၊ မရှိ စစ်ကြည့်တာ၊ ပြီးတော့ လူနာတိုင်းကို ဂရုစိုက်တာနဲ့ ပိုးတွေ့လူနာနဲ့ ထိတွေ့ သူတိုင်းကို ခြေရာခံ သီးခြား စောင့်ကြည့်တာပဲ ဖြစ်တယ်လို့ တက်ဒရိုက ပြောဆိုခဲ့ပါတယ်။
နှာခေါင်းစည်းတွေဟာ ဗိုင်းကပ်ကူးစက်နိုင်ခြေအန္တရာယ်ကို လျော့ချနိုင်တဲ့ အစိတ်အပိုင်း တခုသာ ဖြစ်ပြီး ဗိုင်းရပ်စ်ကာကွယ်နိုင်တယ်ဆိုတဲ့ အထင်မှားမျိုးကို မပေးသင့်ဘူးလို့ WHO က လမ်းညွှန်ချက်အသစ်အနေနဲ့ ပြောဆိုခဲ့ပါတယ်။
9 months Ago