မကမ်းလှမ်း

June 25, 2020

လီဗာကူဆင်က ခိုင်ဟာဗက်ဇ်ကို ခေါ်ရန် မကမ်းလှမ်းထားဟု နည်းပြလမ်းပတ်ပြော

လီဗာကူဆင်ကွင်းလယ်ကစားသမား ခိုင်ဟာဗက်ဇ်နဲ့ အပြောင်းအရွှေ့သတင်းတွေဟာ မှန်ကန်မှုမရှိဘူးလို့ ချဲလ်ဆီးနည်းပြ လမ်းပတ်က အတည်ပြုလိုက်ပါတယ်။  ချဲလ်ဆီးအသင်းဟာ အေဂျက်ဇ်က ဇီယက်ချ်နဲ့ လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာတို့ကို ခေါ်ယူ ပြီးနောက် ဂျာမနီလက်ရွေးစင် ခိုင်ဟာဗက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ မန်စီးတီးအသင်းနဲ့ မတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာတော့ ဟာဗက်ဇ်က ထိပ်တန်းကစား သမားဖြစ်တယ်ဆိုတာ ထင်ရှားပြီး တခြားအသင်းက ကစားသမားကို မှတ်ချက်မပေးချင်သလို ခေါ်ယူဖို့ လုပ်ဆောင်တာလည်း မရှိကြောင်း နည်းပြလမ်းပတ်က အတည်ပြုခဲ့တာပါ။ အသက် ၂၁ နှစ်ရှိ ကွင်းလယ်တိုက်စစ်ကစားသမား ဟာဗက်ဇ်ဟာ အခုနှစ်ရာသီမှာ လီဗာကူဆင်အတွက် ၁၆ ဂိုးသွင်းပြီး ၉ ကြိမ်ဂိုးဖန်တီးထားပါတယ်။  ဇွန် ၂၆ ရက်နေ့ မနက်အစောပိုင်း ကစားမဲ့ မန်စီးတီးနဲ့ပွဲမှာ အနိုင်ရဖို့ ကြိုးပမ်းမယ်လို့လည်း လမ်းပတ်က ပြောကြားသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရရေး ကြိုးပမ်းနေတဲ့ ချဲလ်ဆီးအသင်းဟာ မန်ယူနိုက်ကို တပွဲလျော့ ၂ မှတ်အသာ ရမှတ် ၅၁ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။
10 months Ago
Up