မကစားပေး

September 17, 2020

အောက်လမ်းပညာရပ်ကြောင့် နိုင်ငံခြားရောက်နေသူများ ဂါနာအသင်းအတွက် မကစားပေးလိုဟု နည်းပြပြော

အောက်လမ်းပညာတွေကို အသုံးပြုနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဂါနာသွေးပါတဲ့ ကစားသမားအများစုဟာ မိခင်နိုင်ငံကိုကိုယ်စားပြုပေးဖို့ တွန့်ဆုတ်နေကြတယ်လို့ ဂါနာဘောလုံးအဖွဲ့ချုပ်ရဲ့အမှုဆောင်အဖွဲ့ဝင် ဂျော့ဂျ်အေမိုခိုးလ်ကပြောပါတယ်။  ဂါနာနနည်းပြသစ် စီကေအက်ကိုနောဟာ နိုင်ငံရပ်ခြားမှာရှိနေပြီး ဂါနာသွေးနှောတဲ့ ကြယ်ပွင့်ကစားသမားတွေကို စုစည်းနေပြီး စာရင်းထဲမှာ အာဆင်နယ်တိုက်စစ်မှူး အက်ဒီအန်ခီးတီးယားနဲ့ ဘရိုက်တန်နောက်ခံလူ လမ့်တေးတို့ ပါဝင်နေပါတယ်။ ဂါနာလက်ရွေးစင်အသင်းဟာ ၁၉၈၂  နောက်ပိုင်းကတည်းက ဆုဖလားတွေနဲ့ ဝေးကွာနေခဲ့ကာ ဂါနာအသင်းကို ပြောင်းလဲကစားဖို့ တောင်းဆိုခဲ့ရာမှာလည်း နိုင်ငံရပ်ခြားကိုရောက်ရှိ ကိုယ်စားပြုနေတဲ့ ကစားသမားအများစုရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်။  “ဂါနာဘောလုံးသမားတွေရဲ့ ကစားပုံနဲ့ပတ်သက်ပြီးတော့ အားလုံးသိမြင်ထားမှုတွေ အများကြီးရှိပါတယ်။ ခင်ဗျားကိုဒဏ်ရာရစေချင်တဲ့လူနဲ့ ခင်ဗျားရဲ့ကစားသမားဘဝကို ချုပ်ငြိမ်းသွားစေလိုသူတွေက မကောင်း တဲ့အတတ်ပညာတွေကိုက စားပွဲအတွင်းမှာ အသုံးပြုကြမှာပါ။ ဒါတွေဟာ အမြဲတမ်းအဆုံးသတ်သွားတယ်လို့ကို မရှိပါဘူး။ အထူးသဖြင့် ဂျူးဂျူး လို့ခေါ်တဲ့ အောက်လမ်းပညာကိုအသုံးပြုပြီး ဘောလုံးကစားတဲ့ ဂါနာကစား  သမားတွေအကြောင်းပေါ့။ ဒါ့ကြောင့် တခါတစ်လေ ဒီနိုင်ငံထဲမှာမွေ းဖွားကြီးပြင်းလာတဲ့ကစား သမားတွေကတောင် ဂျူးဂျူးကြောင့် ဂါနာနိုင်ငံအအတွက် မကစားပေးချင်ကြပါဘူး။ ဒါဟာ တကယ့်ကိုပြဿနာကြီးပါပဲ” လို့သူက ပြောပါတယ်။  ဂါနာအသင်းဟာ အန်ခီးတီးယားနဲ့ လမ့်တေးတို့ကို ဂါနာအသင်းမှာ လာရောက်ကစားဖို့ ဆက်သွယ်ပြောဆိုခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒီကစားသမားနှစ်ဦးဟာ ဂါနာလူမျိုးမိဘတွေကနေ အင်္ဂလန်မှာ မွေးဖွားခဲ့သူတွေဖြစ်ပြီး လက်ရှိအချိန်မှာတော့ အင်္ဂလန်လက်ရွေးစင်လူငယ်အသင်းတွေမှာ ကစားပေးနေပါတယ်။  “ကျနော် လမ့်တေးကစားတာကို မြင်ခဲ့ပြီးတဲ့နောက်မှာ ဒီကစားသမားဟာ ကျနော်တို့နိုင်ငံအ‌သင်းအတွက် အသုံးတဲ့မယ့်ကစားသမားဖြစ်တယ်ဆိုတာ သိရှိခဲ့ရပါတယ်။ လက်ရှိ တခြားနိုင်ငံတွေကို ကိုယ်စားပြုနေတဲ့ ဂါနာ သွေးရောကစားသမားတွေကို သူတို့ရဲ့ကိုယ်စားပြု နိုင်ငံပြောင်းလဲခိုင်းဖို့ဆိုတာ တကယ်တော့ မလွယ်ကူပါဘူး။ သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း မိဘတွေနဲ့ ကစားသမားတွေကို ဂါနာအသင်းအတွက်  ကစားပေး ဖို့ အကောင်းဆုံးကြိုးစားနေပါတယ်။ ဒါကိုမဖြစ်နိုင်ဘူးလို့ မပြောချင်ပေမယ့် လွယ်ကူမှာတော့မဟုတ်ပါဘူး” လို့ အေမိုခိုးလ်က ပြောကြောင်း goal.com သတင်းမှာ ဖော်ပြထားပါတယ်။  
1 year Ago
Up