မကစားနိုင်

July 6, 2020

ဒဏ်ရာကြောင့် ဘောလုံးပြန်မကစားနိုင်မည်ကို စိုးရိမ်ခဲ့ဟု ရက်ရှ်ဖို့ဒ် ပြော

နောက်ကျောဒဏ်ရာကြောင့် အနားယူခဲ့ရစဉ်က ပြန်မကစားနိုင်မှာကို စိုးရိမ်ခဲ့မိတယ်လို့ မန်ယူ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပြောပါတယ်။  ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက ပြင်းထန်တဲ့ နောက်ကျောဒဏ်ရာရခဲ့ပြီး ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်တွေကို လွဲချော်ဖို့ ရှိခဲ့တာပါ။  ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဘောလုံးပွဲစဉ်တွေကို ၃ လခန့် ရပ်နားခဲ့ပြီး ပြန်လည် စတင်ချိန်မှာ ဒဏ်ရာကနေ ကောင်းမွန်လာခဲ့တာပါ။  အရင်က နောက်ကျော ဒဏ်ရာရခဲ့ဖူးပေမဲ့  ဒီတစ်ကြိမ်ဒဏ်ရာက ကစားသမားဘဝတစ်လျှောက် အဆိုးရွားဆုံးဖြစ်ခဲ့တာကြောင့် စိုးရိမ်ခဲ့တာလို့ ရက်ရှ်ဖို့ဒ်က ပြောပါတယ်။  ရက်ရှ်ဖို့ဒ်ဟာ ဘုန်းမောက်နဲ့ ပွဲစဉ်မှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် တစ်ရာသီအတွင်းမှာ စုစုပေါင်း သွင်းဂိုး ၂၀ ပြည့်မြောက်သွားခဲ့ပါတယ်။ 
10 months Ago

October 26, 2019

မန်စီးတီးအသင်းက ဇင်ချင်ကိုနှင့် ရော့ဒရီ ဒဏ်ရာကြောင့် မကစားနိုင်ဟု နည်းပြပြော

မန်ချက်စတာစီးတီးအသင်းက ဘယ်နောက်ခံလူ ဇင်ချင်ကိုနဲ့ ကွင်းလယ်သမား ရော့ဒရီတို့ ဒဏ်ရာကြောင့် ကစားနိုင်မှာ မဟုတ်သေးဘူးလို့ နည်းပြ ပက်ဂွါဒီယိုလာက အတည်ပြုထားပါတယ်။ ဘယ်နောက်ခံလူ ဇင်ချင်ကိုက ဒူးဒဏ်ရာကြောင့် သီတင်း ၄ ပတ်လောက် အနည်းဆုံး နားရမှာ ဖြစ်ပါတယ်။ ကွင်းလယ်သမား ရော့ဒရီက အတလန်တာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာရခဲ့ပြီး တပတ်လောက် ကစားနိုင်မှာ မဟုတ်သေးလို့ နည်းပြက ဆိုထားပါတယ်။ အခုလို ကစားသမား နှစ်ယောက် ဒဏ်ရာရပြီး မကစားနိုင်တာဟာ မန်စီးတီးအတွက် ထိုးနှက်ချက်တခုလို့ ဆိုရမှာပါ။
2 years Ago
Up