မကစား

July 9, 2020

ဒယ်နီရယ်ဂျိမ်း အငှားထွက် မကစားဟု အေးဂျင့် ဂျိုနသန်ပြော 

ဒယ်နီယယ်ဂျိမ်းဟာ မန်ယူအသင်းရဲ့ အရေးပါတဲ့ ကစားသမားဖြစ်ပြီး အငှားချခံရမယ့်သူမဟုတ်ဘူးလို့ အေးဂျင့်ဖြစ်သူကပြောလိုက်ပါတယ်။  ဝေးလ်လက်ရွေးစင် ဒယ်နီယယ်ဂျိမ်းဟာ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ခြေစွမ်းပြမှုနဲ့အတူ နောက်ပိုင်းပွဲစဉ်တွေမှာ ပွဲထွက်ခွင့်ဆုံးရှုံးလာရတာဖြစ်ပါတယ်။  သူဟာ နောက်ဆုံး ၃ ပွဲဆက်တိုက် အရန်ခုံမှာထိုင်ခဲ့ရပြီး မိနစ်အနည်းငယ်သာ လူစားဝင် ကစားခွင့်ရခဲ့ပါတယ်။  ဒယ်နီရယ်ဂျိမ်းရဲ့ အေးဂျင့်ဖြစ်သူ ဂျိုနသန် ဘမ်းနက်ကတော့ သူ့ကစားသမားဟာ မန်ယူအသင်းမှာ အရေးပါနေဆဲဖြစ်ပြီး လာမယ့်ရာသီ အငှားထွက်ကစားရမယ်ဆိုတဲ့ သုံးသပ် မှုတွေဟာ ဖြစ်လာမှာမဟုတ်ကြောင်း ပြောပါတယ်။  အသက် ၂၂ နှစ်ရှိ တောင်ပံကစားသမား ဂျိမ်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေ ဂိုးမသွင်းနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း ပြု လုပ်နိုင်ခြင်းမရှိတော့တာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအရင်ပွဲတွေမှာတော့ ပရီးမီးယားလိဂ်မှာ ၃ ဂိုး သွင်းပြီး ၆ ကြိမ်ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ 
1 year Ago
Up