ဘရူနိုင်းဘုရင်နှင့်

October 7, 2017

ဘရူနိုင်းဘုရင်နှင့် ဒေါ်အောင်ဆန်းစုကြည် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် ဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံဘုရင် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာအား ဘန်ဒါဆရီ ဘီဂါဝန်မြို့ရှိ ဘုရင့်နန်းတော်မှာ ဒီနေ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရေး၊ အထူးသဖြင့် စွမ်းအင်၊ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စတွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ တွေ့ဆုံပွဲကို နိုင်ငံတာ်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချိုထွန်းအောင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုတို့ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
4 years Ago
Up