ဘရိုက်တန်ကိုရှုံးပြီး ခရစ္စတယ်ပဲလေ့စ် အက်ဖ်အေဖလားမှ ထွက်

January 9, 2018

ဘရိုက်တန်ကိုရှုံးပြီး ခရစ္စတယ်ပဲလေ့စ် အက်ဖ်အေဖလားမှ ထွက် (ရုပ်သံ)

အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ဘရိုက်တန်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ မနေ့ညက ယှဉ်ပြိုင်ရာ ဘရိုက်တန်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပရီးမီးယားလိဂ် ကလပ်အသင်းအချင်းချင်း တွေ့ဆုံနေတဲ့ ဒီပွဲမှာ အိမ်ရှင် ဘရိုက်တန်က ဘောလုံးပိုင်ဆိုင်မှုနဲ့ ထိုးဖောက်ကန်သွင်းခွင့်တွေမှာ အသာစီးရခဲ့ပါတယ်။ ပထမပိုင်း ၂၅ မိနစ်မှာပဲ ဘရိုက်တန်ကွင်းလယ်လူ စတီဖန်စ်က အဖွင့်ဂိုးသွင်းယူပြီး ပထမပိုင်းမှာ ဘရိုက်တန်က ၁ ဂိုး ဂိုးမရှိနဲ့ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ နည်းပြ ရွိုင်းဟော့ဒ်ဆန်လက်ထက် ပုံစံကောင်းရနေတဲ့ ပဲလေ့စ်အသင်းကလည်း ချေပဂိုးရဖို့ ကြိုးစားပြီး ဒုတိယပိုင်း ၆၉ မိနစ်မှာ ဆာခိုက ဘရိုက်တန်းဂိုးဧရိယာ အပြင်ကနေ အပြင်းကန်သွင်းပြီး ချေပဂိုး ရယူပေးခဲ့ပါတယ်။ ဒီ့နောက် တဂိုးစီသရေနဲ့ ပွဲပြီးဆုံးမယ်လို့ ထင်ခဲ့ရပေမယ့် ပွဲချိန် ၈၇ မိနစ်မှာ လူစားဝင်လာတဲ့ ဘရိုက်တန်တိုက်စစ်မှူး မာရေးက အနီးကပ်ပိတ်သွင်းပြီး အနိုင်ဂိုးသွင်းပေးခဲ့လို့ ပွဲအပြီးမှာ ဘရိုက်တန် ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်ေ်ရာက်သွားပါတယ်။
3 years Ago
Up