ဘရိုက်တန်

April 4, 2019

ချဲလ်ဆီးက ဘရိုက်တန်ကို ၃ ဂိုး ဂိုးမရှိနဲ့ နိုင် (ရုပ်သံ)

မနေ့က ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးက ဘရိုက်တန်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးအသင်းဟာ လူငယ်တိုက်စစ်မှူး ဟတ်ဆန်အိုဒွိုင်းကို ပွဲထုတ်ခဲ့ပြီး ဟာဇက်၊ ဂျရူး၊ လော့ဖ်တပ်စ်ချိခ်၊ ဂျော်ဂျင်ဟို၊ ကန်တေးတို့နဲ့ ဝန်းရံ ပွဲထွက်ခဲ့ပါတယ်။ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ ချဲလ်ဆီးက ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းရာမှာပါ အပြတ် အသာရခဲ့ပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၃၈ မိနစ်မှာ တိုက်စစ်မှူး ဂျရူး၊ မိနစ် ၆၀ မှာ ဟာဇက်နဲ့ ၆၃ မိနစ်မှာ လော့ဖ်တပ်စ်ချိခ်တို့က သွင်းယူပေးခဲ့ပါတယ်။ အခုပွဲ အနိုင်ရလဒ်ကြောင့် ချဲလ်ဆီးအသင်းက ၃၂ ပွဲကစား ရမှတ် ၆၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ဘရိုက်တန်ကတော့ ၃၁ ပွဲကစား၊ ၃၃ မှတ်နဲ့ အဆင့် ၁၅ မှာ ရပ်တည်နေပါတယ်။
2 years Ago

February 17, 2019

ဘရိုက်တန်က ဒါဘီကောင်တီကို ၂-၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်မှာ ပရီမီးယားလိဂ်ကလပ် ဘရိုက်တန်က ချန်ပီယံရှစ်တန်းက ဒါဘီ ကောင်တီကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဘရိုင်တန်က အိမ်ကွင်းမှာ ထိုးဖောက်ကန်သွင်းခွင့်အကြိမ်ရေ ၈ ကြိမ်အထိ ရခဲ့ပြီး ဒါဘီက ၃ ကြိမ် ရခဲ့ပါတယ်။ ဘရိုက်တန်အတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို ပထမပိုင်းမှာပဲ သွင်းယူတာပါ။ ဒါဘီအတွက် ချေပဂိုး ၁ ဂိုးကို အင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်း အက်ရှ်လေ ကိုးလ်က ၈၁ မိနစ်မှာ သွင်းယူပါတယ်။ ဒီဂိုးဟာ နောက်တန်းသမား ကိုးလ်အတွက် အင်္ဂလိပ်ဘောလုံးလောကနဲ့ ၆ နှစ်ခွဲကြာ ဝေးကွာအပြီးမှာ ပထမဆုံးသွင်းယူတဲ့ ဂိုးလည်း ဖြစ်ပါတယ်။ အက်ဖ်အေဖလား တခြားပွဲစဉ်တွေမှာတော့ မန်စီးတီးက နယူးပို့ကောင်တီအသင်းကို ၄-၁ ဂိုး၊ မီဝေါက ၀င်ဘယ်လ်ဒန်အသင်းကို ၁-၀ ဂိုးတို့နဲ့ အသီးသီး အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
2 years Ago
More News
Up