ဘွဲ့နှင်းသဘင်

A d v e r t i s e m e n t With Us

October 31, 2020

ထိုင်းဘုရင်ချီးမြှင့်သည့် ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျောင်းသားထက်ဝက်ခန့်သာ တက်ရောက်

ထိုင်းဘုရင်စနစ်အပေါ် မကျေနပ်တဲ့ ပြယုဂ်အဖြစ် အောက်တိုဘာ ၃၀ ရက်က ဘုရင်ဝချီရာလောင်ကွန် ပေးအပ်ချီးမြှင့်တဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဘွဲ့ယူကျောင်းသားမောင်မယ် တဝက်လောက်သာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ထိုင်းဘုရင်ကိုယ်တိုင် ဘွဲ့လက်မှတ်ချီးမြှင့်တဲ့ ဒီအခမ်းအနားဟာ ဘွဲ့ရမောင်မယ်တွေနဲ့ အဲဒီဘွဲ့ဓာတ်ပုံတွေကို နေအိမ်တွေမှာ ဂုဏ်ယူစွာ ချိတ်ထားတဲ့ မိသားစုဝင်တွေအဖို့  တသက်မှာ တခါအရေးပါတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။  ဒါပေမဲ့ ဇူလိုင်လလယ်ကစလို့ ထိုင်းဘုရင်စနစ်အပေါ် ပြောင်ပြောင်တင်တင်း ဝေဖန်ပြီးနောက် ဘုရင့်အခွင့်အာဏာကို ကန့်သတ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ပေါ်လာခဲ့ပါတယ်။  ဒါဟာ ဘုရင်နဲ့ တော်ဝင်မိသားစုကို ဝေဖန်ပါက ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်တဲ့ ကာလရှည် တားမြစ်ထားတဲ့ ဥပဒေကို  ဖီဆန်တာ ဖြစ်ပါတယ်။  အောက်တိုဘာ ၃၀ ရက်က ကျင်းပတဲ့ ထိုင်းဘုရင့် ဘွဲ့နှင်းသဘင် အခမ်းအနားကို တက်ရောက်သူကလည်း အရင်နှစ်တွေထက် ပိုပြိး နည်းသွားခဲ့ပါတယ်။   ဘုရင့်ဘွဲ့နှင်းသဘင်ကို သပိတ်မှောက်တဲ့ ကျောင်းသားတချို့က ဒါဟာ ဘုရင်စနစ်အပေါ် မနှစ်သက်တာကို သွယ်ဝိုက်ပြီး သတင်းစကားပေးလိုက်လို့ ဆိုပါတယ်။  ဘွဲ့ယူမောင်မယ် အရေအတွက် နည်းသွားတာနဲ့ပတ်သက်လို့ တက္ကသိုလ်က တစုံတရာ မှတ်ချက်မပေးခဲ့သလို ထိုင်းဘုရင့်နန်းတော်ကလည်း မှတ်ချက်မပေးခဲ့ဘူးလို့ ရိုက်တာက ရေးသားပါတယ်။ 
3 months Ago
Up