ဘွန်းစာချုပ်

A d v e r t i s e m e n t With Us

April 28, 2020

ဂျပန်ဗဟိုဘဏ်က စီးပွားရေးလှုံ့ဆော်မှုအဖြစ် ဘွန်းစာချုပ်များ ဝယ်မည်

ဂျပန်ဗဟိုဘဏ်က စီးပွားရေး လှုံ့ဆော်မှုကို ဧပြီ ၂၇ ရက်မှာ တိုးချဲ့လိုက်ပြီး ဘွန်း စာချုပ်တွေကို အကန့်အသတ်မဲ့ ဝယ်ဖို့လည်း ကတိပြုလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် စီးပွားရေးအထိနာမှု နက်ရှိုင်းလာလို့ ဖြေရှင်းဖို့ ဂျပန်အစိုးရက ကြိုးစားနေတာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် ကမ္ဘာ့စီးပွားရေး နက်နက်ရှိုင်းရှိုင်း ထိုးကျနေချိန်မှာ ငွေကြေးထောက်ပံ့မှု ပမာဏကို တခြား အကြီးစားဗဟိုဘဏ်တွေနည်းတူ ဂျပန်ဘဏ်ကလည်း မထုတ်ပြန်ပါဘူး။  ကပ်ဘေးအကျပ်အတည်းကို တိုက်ဖျက်ဖို့ အနီးကပ် အာရုံစိုက်ရာမှာ လာမယ့် ၃ နှစ်အတွင်း ငွေကြေးဖောင်းပွမှုဟာ ၂ ရာခိုင်နှုန်း ကျဆင်းဖို့ ဗဟိုဘဏ်က စီမံထားတဲ့အပြင် စီးပွားရေး ခန့်မှန်းချက်ကိုလည်း သိသိသာသာ လျှော့ချ ခဲ့ပါတယ်။ မနေ့က အစည်းအဝေးမှာတော့ အများက ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားတဲ့အတိုင်း အတိုးနှုန်းကို ဂျပန်ဗဟိုဘဏ်က အပြောင်းအလဲ မလုပ်ခဲ့ပါဘူး။
10 months Ago
Up