ဘွန်ဒီကမ်းခြေ

December 26, 2020

ဘွန်ဒီကမ်းခြေတွင် ဆစ်ဒနီမြို့ခံများ ခရစ္စမတ်ပွဲတော် ဆင်နွှဲ

သြစတြေးလျနယ်စပ်တွေကို ပိတ်ထားပြီး ပြည်တွင်းခရီးသွားလုပ်ငန်း အကန့်အသတ်နဲ့ ရှိနေချိန်မှာ ဒီဇင်ဘာလ ၂၅ ရက်က ဆစ်ဒနီမြို့ခံတွေဟာ ကမ္ဘာကျော် ဘွန်ဒီကမ်းခြေမှာ ခရစ္စမတ်အပန်းဖြေခရီးကို ဆင်နွှဲနေကြပါတယ်။ နှစ်စဉ်နှစ်တိုင်း ဧည့်သည်ထောင်ချီ လာတဲ့ ခရစ္စမတ်ကာလ လည်ပတ်ရာ ဘွန်ဒီကမ်းခြေဟာ ရာသီဥတုဆိုးတာနဲ့ ကပ်ရောဂါကြောင့် ကမ်းခြေလာသူတွေ မရှိခဲ့ပါဘူး။ ဒါပေမဲ့ နေ့လယ်ပိုင်းမှာတော့ ရေကူး၊ လှိုင်းစီး၊ ခရစ္စမတ်သစ်ပင်ရှေ့ ဓာတ်ပုံရိုက်ကြတဲ့ လူ ၁၀၀ လောက် ရှိပါတယ်။ ဗြိတိန် ကမ္ဘာလှည့်ခရီးသည်တစ်ဦးကလည်း အိမ်ကို လွမ်းပေမယ့် အခုချိန်မှာ သြစတြေးလျထက် ပိုကောင်းတဲ့နေရာ မရှိပါဘူးလို့ ပြောပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေနဲ့ယှဉ်ရင် သြစတြေးလျဟာ ကိုဗစ်-၁၉ ကူးစက်သူရော သေဆုံးသူ အရေအတွက်ပါ နည်းပါးပါတယ်။ သြစတြေးလျမှာ ကိုဗစ်ကူးစက်သူ စုစုပေါင်း ၂၈,၃၀၀ အောက်နဲ့ သေဆုံးသူ စုစုပေါင်း ၉၀၈ ယောက် ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
10 months Ago

April 28, 2020

ဩစတြေးလျ ဘွန်ဒီကမ်းခြေ ပြန်ဖွင့်၊ လှိုင်းစီး ရေကူးသူများဖြင့် စည်ကား

COVID-19 ကြောင့်ပိတ်ထားခဲ့တဲ့ သြစတြေးလျရဲ့ နာမည်ကျော် ဘွန်ဒီကမ်းခြေကို ဧပြီ ၂၈ ရက်က တရားဝင်ပြန်ဖွင့်ခဲ့ပြီး လှိုင်းစီးသူတွေ၊ ရေကူးသူတွေနဲ့ ပြန်စည်ကားလာပါတယ်။ နယူးဆောက်ဝေးပြည်နယ် အစိုးရက ကန့်သတ်ချက်တချို့ကို ဖြေလျှော့ပေးပြီး ဆစ်ဒနီမြို့အရှေ့ပိုင်းက ကမ်းခြေအတော်များများကို ပြန်ဖွင့်ပေးခဲ့တာပါ။ ရောဂါပိုး ရှိ၊ မရှိ  ကျယ်ကျယ်ပြန့်ပြန့်  စစ်ဆေးပေးမယ့် မူဝါဒဟာ ရောဂါကူးစက်မှုအသစ်တွေ ကျဆင်းတာကို   အထောက်အကူပြုမယ်လို့ ပြည်နယ်အစိုးရက မျှော်လင့်ထားပါတယ်။ ကမ္ဘာတဝန်းက ဒေသတွေကို COVID-19 ပျံ့နှံ့နေချိန် သြစတြေးလျဟာ တခြားနိုင်ငံတွေလောက် အသေအပျောက် မမြင့်မားခဲ့ပါဘူး။ သြစတြေးလျမှာ COVID-19  ဗိုင်းရပ်စ် ကူးစက်သူ ၆,၇၀၀ ကျော်နဲ့ သေဆုံးသူ ၈၄ ယောက် ရှိပါတယ်။  ပြည်တွင်း ကူးစက်နှုန်းဟာလည်း လွန်ခဲ့တဲ့တလ ၂၅ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် တနေ့ကို ၁ ရာခိုင်နှုန်းခန့်အထိ လျော့ကျလာပါတယ်။  ဒါကြောင့် ပြည်နယ်တွေဟာ ကန့်သတ်ချက်တချို့ကို စတင်ဖြေလျှော့ပေးနေတာပါ။ ကမ်းခြေလာရောက်သူ ဘွန်ဒီဒေသခံတယောက်ကလည်း ကမ်းခြေမှာ ရေပြန်ကူးရတော့မှာမို့ ပျော်ရွှင်မိတယ်လို့ ပြောပါတယ်။
1 year Ago
Up