ဘွန်ဒက်စ်လီဂါ

December 5, 2021

ဂျာမန် ဘွန်ဒတ်စ်လီဂါပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်က ဒေါ့မွန်ကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ

စနေနေ့ညမှာ ကစားသွားတဲ့ ဂျာမန် ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာ လက်ရှိ ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းက အဓိကပြိုင်ဘက်ဖြစ်တဲ့ ဒေါ့မွန်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဒုတိယပိုင်းမှာ အငြင်းပွားဖွယ်ရာ လက်ထိဘောကို ဘိုင်ယန်က ရရှိခဲ့ကာ လီဝန်ဒေါ့စကီးက ဒုတိယဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီပွဲမှာ ဘိုင်ယန်အသင်းရရှိတဲ့ ဂိုး ၃ ဂိုးမှာ လီဝန်ဒေါ့စကီးက ၂ ဂိုးသွင်းပေးခဲ့တာပါ။ 

၁၀ ကြိမ်မြောက် ဖလားရဖို့ ကြိုးစားနေတဲ့ ဘိုင်ယန်အသင်းဟာ ၆ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီးနောက် ၃၄ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေပါတယ်။ 

ဘိုင်ယန် နောက်မှာတော့ ပြိုင်ဘက် ဒေါ့မွန်အသင်းက ၄ မှတ်အကွာ အမှတ် ၃၀ နဲ့ ဒုတိယ လိုက်နေပါတယ်။

10 months Ago

January 23, 2021

မိုချန်ဂလာဘက်ကို ၄ ဂိုး ၂ ဂိုးဖြင့် ဒေါ့မွန်ရှုံးနိမ့်၊  ၂ ပွဲဆက်တိုက် ရှုံးပွဲတွေ့

မနေ့က ကစားသွားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပထမဆုံးပွဲစဉ်မှာ ဒေါ့မွန်အသင်းက မိုချန်ဂလာဘက်ကို ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။  ပြီးခဲ့တဲ့ကြားရက်မှာ လီဗာကူဆင်ကို ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဒေါ့မွန်အသင်းဟာ ဂလာဘက်ကိုလည်း ဆက်ပြီး အရှုံးပေးခဲ့ရတာပါ။  ပွဲချိန် ၁၁ မိနစ်မှာ အယ်လ်ဗက်ဒီက ဦးဆောင်ဂိုး စသွင်းခဲ့ပြီး ဟာလန်းက ၂၂ မိနစ်နဲ့ ၂၈ မိနစ်တွေမှာ ၂ ဂိုးဆက်သွင်းပြီး ဦးဆောင်ခဲ့ပါသေးတယ်။  ဒါပေမဲ့ အယ်လ်ဗက်ဒီကပဲ ၄ မိနစ်အကြာမှာ ချေပဂိုးပြန်သွင်းခဲ့ပါတယ်။  ပွဲချိန် ၄၀ မိနစ်နဲ့ ၇၈ မိနစ်တွေမှာ  ဘင်ဆက်ဘိုင်နီနဲ့ သူယမ်တို့က ဂလာဘက်အတွက် အနိုင်ဂိုး ၂ ဂိုး ထပ်သွင်းသွားခဲ့တာဖြစ်ပါတယ်။  ဒီနိုင်ပွဲကြောင့် ဂလာဘက်က အဆင့် ၄ နေရာဆီ တက်လှမ်းနိုင်ခဲ့ပြီး ဒေါ့မွန်အသင်းက အဆင့် ၅ နေရာ ကျဆင်းသွားခဲ့ပါတယ်။  ဒေါ့မွန်အသင်းဟာ ထိပ်ဆုံးက ဘိုင်ယန်ထက် တစ်ပွဲ ပိုကစားထားပေမဲ့ ၁၀ မှတ်အထိ ကွာဟသွားခဲ့ရပြီဖြစ်ပါတယ်။ 
2 years Ago
More News
Up