ဘွဲ့နှင်းသဘင်

May 1, 2018

ဘွဲ့နှင်းသဘင် အခမ်းအနားတွင်း ဝင်ရောက်ခဲ့သည့် ငှက်ကြီးဝန်ပို ၂ ကောင် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ ဧပြီ ၂၈ ရက်နေ့က ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပနေတုန်း ငှက်ကြီးဝန်ပိုနှစ်ကောင် ဝင်ရောက်ခဲ့တဲ့အတွက် ဧည့်ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။ မယ်လီဘူမြို့ရှိ ပက်ပါဒိန်းတက္ကသိုလ်မှာ ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခဲ့တာပါ။ ငှက်ကြီးဝန်ပို နှစ်ကောင်အနက် တကောင်ဟာ အခမ်းအနားကျင်းပရာ နေရာရှေ့မှာ လျှောက်သွားနေတဲ့အတွက် အဲဒီမြင်ကွင်းကို ဧည့်ပရိသတ်တွေ ပွဲကျခဲ့ပါတယ်။ အဲဒီ ငှက်ကြီးဝန်ပိုကို လုံခြုံရေးဝန်ထမ်းတွေက မောင်းထုတ်ဖို့ ကြိုးစားပေမယ့် သူက ပြန်လည်ထိုးဆိတ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up