ဘွန်ဒက်စ်လီဂါ

April 8, 2019

မိုချန်ဂလာဘတ်နှင့် ဝါဒါဘရီမင် ၁ ဂိုးစီ သရေကျ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန် ဘွန်ဒက်စ်လီဂါပွဲစဉ်မှာတော့ မိုချန်ဂလာဘတ်နဲ့ ဝါဒါဘရီမင်တို့ တဂိုးစီ သရေကျသွားပါတယ်။ မိုချန်ဂလာဘတ်အတွက် ဦးဆောင်ဂိုးကို တဖက်ကွင်းလယ်ရဲ့ အမှားကနေ ၄၉ မိနစ်လောက်မှာ သွင်းယူပါတယ်။ ဝါဒါဘရီမင်အတွက် ချေပဂိုးကို ၇၉ မိနစ်မှာ ကလပ်ဆန်က လှလှပပပဲ ခေါင်းတိုက်သွင်းယူပါတယ်။ ဒီပွဲမှာ ဝါဒါဘရီမင်က ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပိုလုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲသရေကျလို့ မိုချန်ဂလာဘတ်က ၄၈ မှတ်နဲ့ အဆင့် ၅၊ ဝါဒါဘရီမင်က ၄၃ မှတ်နဲ့ အဆင့် ၈ မှာ အသီးသီး ရပ်တည်နေပါတယ်။
3 years Ago
Up