ဘဲငန်း

April 5, 2017

ဘဲငန်းဥ လာစားသည့် ဘာဘွန်းမျောက်ကြီးကို ဘဲငန်းအုပ်စုက ဒေါသတကြီးတိုက်ခိုက် (ရုပ်သံ)

အာဖရိက ဘာဘွန်းမျောက်တွေဟာ အုပ်စုဖွဲ့ သွားလာနေထိုင်လေ့ရှိကြပြီး သူတို့ကို တုံ့ပြန်တိုက်ခိုက်ဖို့ တကယ်တော့ မလွယ်ကူလှပါဘူး။ တကယ်တမ်း တိုက်ခိုက်ကြတယ်ဆိုရင်တောင် ခန္ဓာကိုယ်အရွယ်အစား မကွာခြားလှတဲ့ ရန်သူတွေဖြစ်တဲ့ မိကျောင်းတို့၊ ကျားသစ်တို့လို သတ္တဝါတွေသာ ဖြစ်သင့်တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ တကယ့်ကို ပြောင်းပြန်အခြေအနေတခုကို တွေ့မြင်ရပါလိမ့်မယ်။ အုပ်စုကွဲလာပြီး ဆာလောင်နေတဲ့ ဘာဘွန်းမျောက်ကြီးတကောင်ကို ဘဲငန်းတွေဟာ အုပ်စုဖွဲ့ တိုက်ခိုက်ခဲ့ကြလို့ပါပဲ။ ဘာဘွန်းမျောက်ကြီးဟာ ဘဲငန်းတွေ အုပ်စုလိုက်ရှိနေတဲ့ ရေစပ်စပ်ကုန်းမြေပေါ်ကနေ လျှောက်လာပြီး ဘဲငန်းဥကို စားသောက်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ဥအနားမှာရှိနေတဲ့ ဘဲငန်း ၂ ကောင်က မျောက်ကြီးကို အတောင်ပံနဲ့ရိုက်လိုက်၊ ထိုးဆိတ်လိုက်နဲ့ တိုက်ခိုက်ခဲ့ကြတာကို တွေ့ရပါတယ်။ မျောက်ကြီးဟာ သူတို့ကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ခြင်းမရှိဘဲ ဘဲငန်းအုပ်စုတွေ သူ့အနားက ရှဲသွားကြတော့မှ လက်ထဲကဥကို စားသောက်ခဲ့တာကို တွေ့ရပါတယ်။
4 years Ago
Up