ဘေးမဲ့တောဥယျာဉ်

A d v e r t i s e m e n t With Us

January 8, 2021

မန်းရွှေစက်တော်ဘေးမဲ့တောဥယျာဉ်တွင် ရှားပါး ရွှေသမင်အမ ၅ ကောင် ထပ်မံပေါက်ဖွား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး စကုမြို့နယ် မန်းရွှေစက်တော်ဘေးမဲ့တောဥယျာဉ်ရှိ  ရွှေသမင်ခြံမှာ ရွှေသမင်အမ ၅ ကောင်ထပ်မံပေါက်ဖွားခဲ့တယ်လို့ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ကနေ သိရပါတယ်။ မန်းရွှေစက်တော ဘေးမဲ့တောဥယျာဉ်က  ရွှေသမင်ခြံမှာ အရင်က ရွှေသမင် အထီး ၆ ကောင်နဲ့ အမ ၁၈ ရှိကောင်သာရှိခဲ့ပြီးတော့ ယခုနှစ်မှာ ရွှေသမင် အမ ၅ ကောင် ထပ်မံပေါက်ပွားခဲ့လို့ စုစုပေါင်း ၂၉ ကောင်ရှိပြီလို့ မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးမောင်က ပြောပါတယ်။ "အရင်က မန်းရွှေစက်တော် ဘေးမဲ့တောမှာ ရွှေသမင်တွေအများအပြားရှိခဲ့ပြီးတော့ မသမာသူတွေ ခိုးယူပစ်ခတ်သတ်ဖြတ်တာတွေကြောင့် ရွှေသမင်မျိုးစိတ်ပျောက်ကွယ်လာ နိုင်တာကြောင့် သစ်တောဥပဒေအရ အရေးယူသွားမှာဖြစ်ပြီး သတိပေးဆိုင်းဘုတ်ပိုစတာတွေလည်း စိုက်ထူထားတယ်” လို့ဦးဌေးမောင်က ပြောပါတယ်။ အဲဒီရွှေသမင်ခြံက ရှာပါးမျိုးစိတ်တစ်ခုဖြစ်တဲ့ ရွှေသမင်တွေကို မန်းရွှေစက်​တော်ဘုရားဖူး လာကြတဲ့ အများပြည်သူ လေ့လာကြည့်ရှုနိုင်အောင် ၂၀၁၀ ခုနှစ်က မန်းရွှေစက်တော်ဘုရား ၃ မိုင်လမ်း လှေတင်တံတားထိပ်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာအနှံအပြားမှာ (Deer) သမင်မျိုးစိတ် ၄၃ မျိုးရှိပြီးတော့ မြန်မာနိုင်ငံမှာ သမင်မျိုးစိတ် ၈ မျိုးရှိတဲ့အနက် မန်းရွှေစက်တောဘေးမဲ့တောဥယျာဉ်မှာတော့ ရှားပါးမျိုးစိတ်တစ်ခုဖြစ်တဲ့ ရွှေသမင်တွေ မွေးမြူထားတာဖြစ်တယ်လို့ တိုင်းဒေသကြီး သစ်တောဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး
2 months Ago
Up