ဘေးကင်း

A d v e r t i s e m e n t With Us

November 19, 2020

ဖစ်ဇာ ကိုဗစ်ကာကွယ်ဆေး ဘေးကင်းဟု ကုမ္ပဏီပြော

ဖစ်ဇာကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးဟာ  ၉၅ ရာခိုင်နှုန်း အောင်မြင်ပြီး  နှစ်လတာ အချက်အလက်တွေအရ   ဘေးကင်းတယ်လို့    စစ်ဆေးမှု နောက်ဆုံးရလဒ်တွေက  ဖော်ပြပါတယ်။   ဒါကြောင့် ရက်ပိုင်းအတွင်း  အရေးပေါ် သုံးစွဲခွင့် လျှောက်ထားဖို့ လမ်းပွင့်သွားတယ်လို့ ကုမ္ပဏီက နိုဝင်ဘာ ၁၈ ရက်မှာ ပြောဆိုပါတယ်။  အခုထိ ပြုလုပ်ခဲ့တဲ့ နောက်ဆုံးအဆင့် ကာကွယ်ဆေး စမ်းသပ်မှုတွေမှာ ဖစ်ဇာရဲ့ အစွမ်းထက်မှု ရာခိုင်နှုန်းက အမြင့်ဆုံးဖြစ်ပြီး ကျွမ်းကျင်သူတွေ သဘောကျခဲ့ပါတယ်။  ကြားဖြတ်ရလဒ်တွေအရ ၉၀ ရာခိုင်နှုန်းကျော် အစွမ်းထက်တဲ့ ဖစ်ဇာကာကွယ်ဆေး ရလဒ်တွေက သိပ်အားရစရာကောင်းတယ်လို့  ကျွမ်းကျင်သူတွေက ပြောထားပါတယ်။  စေတနာ့ဝန်ထမ်း ၄၃,၀၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေး စမ်းသပ်ထိုးနှံပေးရာမှာ  အဲဒီထဲမှာ ကိုဗစ်ကူးစက်သူ  အယောက် ၁၇၀ ရှိတယ်လို့ ဖစ်ဇာက ဆိုပါတယ်။  အဲဒီထဲက ၈ ယောက်ကိုပဲ ကိုဗစ်ကာကွယ်ဆေး ထိုးပေးခဲ့ပြီး ဒါဟာ ကာကွယ်ဆေး ၉၅ ရာခိုင်နှုန်း အစွမ်းထက်တဲ့ သဘောဖြစ်ပါတယ်။  ဒါကြောင့်မို့ ကာကွယ်ဆေးအကြံပေးကော်မတီအနေနဲ့ ဖစ်ဇာကာကွယ်ဆေးကို သုံးသပ်ပြီး  ဒီဇင်ဘာထဲမှာ ကျင်းပဖွယ်ရှိတဲ့အစည်းဝေးမှာ အချက်အလက်တွေကို ဆွေးနွေးမယ်လို့ ဖစ်ဇာ ကုမ္ပဏီက မျှော်လင့်ထားပါတယ်။ 
3 months Ago
Up