ဘောလုံး စတန့်ပြကွက်သစ်

September 28, 2019

ဘောလုံး စတန့်ပြကွက်သစ်ဖြင့် ကစားသမားတချို့ကို စိန်ခေါ်လိုက်သည့် မိုဗစ်(ရုပ်သံ)

ဘောလုံး စတန့်ပြကွက်သစ်ဖြင့် ကစားသမားတချို့ကို စိန်ခေါ်လိုက်သည့် မိုဗစ်(ရုပ်သံ) DVB ဘောလုံးနဲ့ပတ်သတ်ပြီး သူ့ကိုယ်သူ ဘုရားသခင်လို့တောင်ခံယူထားတဲ့ ဆွီဒင်တိုက်စစ်မှူးကြီး အီဗရာဟီမိုဗစ်ကတော့ ဘောလုံးစတန့်ထွင် ပြကွက်သစ်တခုနဲ့ နာမည်ကြီး အားကစားသမားတချို့ကို စိန်ခေါ်လိုက်ပြန်ပါတယ်။ မက်ထရစ် ချဲလင့်လို့ နာမည်ပေးထားတဲ့ အဲဒီစိန်ခေါ်မှု ပုံစံသစ်ကတော့ နာမည်ကြီး သိပ္ပံအက်ရှင်ဇာတ်ကား မက်ထရစ်ထဲမှာ မင်းသားကြီး ကီအားနူရိဗ့်စ်ရဲ့ ကျောကိုလှန်ချပြီး ကျည်ဆန်ရှောင်တဲ့ ပုံစံအတိုင်းဘောလုံးနဲ့ လုပ်ပြရမှာ ဖြစ်ပါတယ်။ မိုဗစ်က ယူနိုက်တက်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာ၊ တင်းနစ်အကျော်အမော် ဂျိုကိုဗစ်နဲ့ ယူအက်ဖ်စီ အကျော်အမော် ခါဘီတို့အပါအဝင် စူပါအေးဂျင့် ရွိုင်းအိုလာကိုပါ စိန်ခေါ်ထားခဲ့တာ ဖြစ်ပါတယ်။ မိုဗစ်ဟာ လက်ရှိမှာ အမေရိကန်မေဂျာလိဂ်ကလပ် အဲလ်အေဂလက်ဆီအသင်းမှာ ကစားနေပြီး ၅၃ ပွဲကစားရာမှာ ၄၉ ဂိုးထိသွင်းယူထားပြီး အသက် ၃၇ နှစ်နဲ့မလိုက်တဲ့ စွမ်းဆောင်ရည်ကို ပြသထားနိုင်ပါတယ်။ ================================ ေဘာလုံး စတန႔္ျပကြက္သစ္ျဖင့္ ကစားသမားတခ်ိဳ႕ကို စိန္ေခၚလိုက္သည့္ မိုဗစ္(႐ုပ္သံ) DVB ေဘာလုံးနဲ႔ပတ္သတ္ၿပီး သူ႔ကိုယ္သူ ဘုရားသခင္လို႔ေတာင္ခံယူထားတဲ့ ဆြီဒင္တိုက္စစ္မႉးႀကီး အီဗရာဟီမိုဗစ္ကေတာ့ ေဘာလုံးစတန႔္ထြင္ ျပကြက္သစ္တခုနဲ႔ နာမည္ႀကီး အားကစားသမားတခ်ိဳ႕ကို စိန္ေခၚလိုက္ျပန္ပါတယ္။ မက္ထရစ္ ခ်ဲလင့္လို႔ နာမည္ေပးထားတဲ့ အဲဒီစိန္ေခၚမႈ ပုံစံသစ္ကေတာ့ နာမည္ႀကီး သိပၸံအက္ရွင္ဇာတ္ကား မက္ထရစ္ထဲမွာ မင္းသားႀကီး ကီအားႏူရိဗ့္စ္ရဲ႕ ေက်ာကိုလွန္ခ်ၿပီး က်ည္ဆန္ေရွာင္တဲ့ ပုံစံအတိုင္းေဘာလုံးနဲ႔ လုပ္ျပရမွာ ျဖစ္ပါတယ္။ မိုဗစ္က ယူႏိုက္တက္ကြင္းလယ္ကစားသမား ေပါလ္ေပါ့ဘာ၊ တင္းနစ္အေက်ာ္အေမာ္ ဂ်ိဳကိုဗစ္နဲ႔ ယူအက္ဖ္စီ အေက်ာ္အေမာ္ ခါဘီတို႔အပါအဝင္ စူပါေအးဂ်င့္ ႐ြိဳင္းအိုလာကိုပါ စိန္ေခၚထားခဲ့တာ ျဖစ္ပါတယ္။ မိုဗစ္ဟာ လက္ရွိမွာ အေမရိကန္ေမဂ်ာလိဂ္ကလပ္ အဲလ္ေအဂလက္ဆီအသင္းမွာ ကစားေနၿပီး ၅၃ ပြဲကစားရာမွာ ၄၉ ဂိုးထိသြင္းယူထားၿပီး အသက္ ၃၇ ႏွစ္နဲ႔မလိုက္တဲ့ စြမ္းေဆာင္ရည္ကို ျပသထားႏိုင္ပါတယ္။
2 years Ago
Up