ဘောလုံးသမား ၁၁ ဦး

October 17, 2021

နောင်မွန်မြို့ စီမံအုပ်ချူပ်ရေးဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲတွင် ဘောလုံးသမား ၁၁ ဦး ကိုဗစ်ပိုးတွေ့

မြန်မာပြည်မြောက်ဘက်ဆုံး နောင်မွန်မြို့မှာ စစ်ကောင်စီလက်အောက်ခံ စီမံအုပ်ချူပ်ရေးဥက္ကဋ္ဌ ဖလား ဘောလုံးပြိုင်ပွဲက ဘောလုံးသမား ၁၁ ဦးမှာ အောက်တိုဘာ ၁၅ ရက်နေ့ စစ်ဆေးချက်အရ ကိုဗစ်ပိုးတွေ့ထားတယ်လို့ နောင်မွန်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတဦးက “ကျနော်တို့ နောင်မွန်ဒေသမှာ ပြည်သူတွေ အခက်အခဲကြုံနေတဲ့အချိန် ကိုဗစ်-၁၉ လူနာကလည်း တစ်ရက်ပြီးတစ်ရက် တိုးလာတဲ့အချိန်မှာ သူတို့တွေ ဘောလုံးပွဲကျင်းပလိုက်‌တော့ ဘောလုံးသမား ၁၁ ဦး အပါအဝင် ဘောလုံးပွဲကြည့်ပြည်သူတွေကိုလည်း ကိုဗစ်ပိုးပြန့်အောင် လုပ်လိုက်ကြပြီ။ ဒီကိစ္စက တမင်တကာ ဒေသခံပြည်သူတွေကို ကိုဗစ်ပိုးတွေ လိုက်ဖြန့်နေတာ” လို့ ပြောပါတယ်။

ဒေသခံတဦးကလည်း “နောင်မွန်ဒေသက  ကဏ္ဍတိုင်းမှာ နောက်ကျန်နေတဲ့အပြင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက်ပါ စိုးရိမ်‌နေရပါပြီ။ နောင်မွန်မြို့မှာ ကိုဗစ်လူနာ တိုးလာတဲ့အတွက် ‌မြို့တွင်း မြို့ပြင် လော့ခ်ဒေါင်းချခံနေရလို့ ပြည်သူတွေ သွားလာဖို့ ခက်ခဲနေတယ်” လို့ ပြောပါတယ်။

နောင်မွန်မြို့မှာ အောက်တိုဘာ ၁၆ ရက် ည‌နေပိုင်းထိ ကိုဗစ်ပိုးတွေ့လူနာ ၃၆ ဦးအထိ ရှိ‌နေပြီး ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

3 months Ago
Up