ဘောလုံးသမားများ

February 17, 2020

အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ရ ဥရောပ နာမည်ကြီး ဘောလုံးသမားများ

နာပိုလီက ဥရောပနာမည်ကြီး ဘောလုံးသမားတွေ ဖြစ်တဲ့ ဒရိုင်းမာတန်စ်၊ ပီအက်စ်ဂျီ နောက်ခံလူ သီယာဂိုဆေးလ်ဗားနဲ့ အက်ဒီဆင်ကာဗာနီတို့အပြင် နာမည်ကြီး ကစားသမား တော်တော်များများ ရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ထွက်ခွာခွင့်ရထားပါတယ်။ နာပိုလီအသင်းက မာတန်စ်အပြင် ကယ်လီဂျွန်၊ ဂျူဗင်တပ်စ်အသင်းက မာတွီဒီ၊ ချီလီနီနဲ့ ဘက်ဖွန်တို့ ထွက်ခွာခွင့်ရရှိထားပါတယ်။  လာလီဂါမှာဆိုရင်တော့ ဘင်အာဖာ၊ ဆန်တီကာဇိုလာ၊ ဆယ်ဒါဒိုနဲ့ အဒါတူရန်တို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။  ဘွန်ဒက်စ်လီဂါမှာလည်း တချိန်က နာမည်ကြီး ကစားသမား တော်တော်များများ အသင်းကနေ ထွက်ခွာဖို့ ရှိနေပြီးတော့ ဆလမန်ကာလူး၊ ဂေါ့ဇီ၊ ပစ်ဇာဇက်ခ်၊ ချားလ်စ်အာရန်ဂွတ်ဇ်တို့လို ကစားသမားတွေက စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။  ပြင်သစ် လီဂူးမှာတော့ ပီအက်စ်ဂျီအသင်းက ကစားသမား တော်တော်များများ အသင်း ပြောင်းရွှေ့တော့မှာ ဖြစ်သလို သောမက်စ်မြူနီယာ၊ ကာဗာနီ၊ သီယာဂိုဆေးလ်ဗား၊ ကာဇာဝါတို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိထားပါတယ်။
1 year Ago

November 2, 2019

ရဂ်ဘီကစားသမားများကို ဘောလုံးသမားများ အတုယူသင့်ဟု လမ်းပတ်ပြော

ရဂ်ဘီကစားသမားတွေရဲ့ ဒိုင်တွေအပေါ်ထားတဲ့ လေးစားမှုမျိုးကို ဘောလုံးဘောကမှာလည်း လေ့လာအတုယူသင့်တယ်လို့ ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်က ပြောပါတယ်။  ချဲလ်ဆီးအသင်းရဲ့ ဂန္ထဝင်ကစားသမားကြီးဖြစ်တဲ့ လမ်းပတ်ဟာ အင်္ဂလန်လက်ရွေးစင် ရဂ်ဘီအသင်းရဲ့ ပြိုင်ဘက်ကစားသမားတွေနဲ့ ဒိုင်လူကြီးတွေအပေါ်ထားတဲ့ သဘောထားကို သဘောကျနေပြီး ဘောလုံးကစားသမားတွေလည်း ဒီလိုအပြုအမူကောင်းတွေကို သင်ယူလေ့လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။  အင်္ဂလန် လက်ရွေးစင် ရဂ်ဘီအသင်းဟာ နိုဝင်ဘာ ၂ ရက်နေ့ အစောပိုင်းမှာ ရဂ်ဘီကမ္ဘာ့ပွဲရဲ့ ဗိုလ်လုပွဲအဖြစ် တောင်အာဖရိကအသင်းနဲ့ ကစားရဖို့ရှိနေပါတယ်။ အဲဒီနေ့မှာပဲ ချဲလ်ဆီးအသင်းဟာလည်း ပရီးမီးယားလိဂ်ပွဲစဉ်တခုအဖြစ် ဝက်ဖို့ဒ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။  ဒီပွဲအတွက် ပွဲကြိုပြင်ဆင်မှုတွေ လုပ်ဖို့ရှိနေပေမယ့် ရဂ်ဘီဗိုလ်လုပွဲကိုတော့ ကြည့်ဖြစ်အောင်ကြည့်မယ်လို့ လမ်းပတ်က ပြောပါတယ်။  ဗိုလ်လုပွဲ မရောက်ခင် နယူးဇီလန်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း အင်္ဂလန်လက်ရွေးစင်အသင်းခေါင်ေးဆာင် အိုဝင် ဖာဝဲလ်နဲ့ အသင်းသားတွေရဲ့ ပြိုင်ဘက်ကစားသမားတွေနဲ့ ဒိုင်လူကြီးတွေအပေါ် ပြုမှုဆက်ဆံသွားပုံက လေး စားအထင်ကြီးစရာဖြစ်တယ်လို့ လမ်းပတ်ကပြောပါတယ်။  ဘောလုံးလောကရဲ့ နည်းပြတွေနဲ့ ကစားသမားတွေအနေနဲ့လည်း ဒါကိုအတုယူသင့်တယ်လို့ လမ်းပတ်က အကြံပြုပါတယ်။  “ဒါဟာ ကျနော်တို့ လုပ်ဆောင်‌ရမယ့်အရာတခုပါ။ ကျနော်တို့အနေနဲ့ သေချာစဉ်းစားပြီး ထိန်းချုပ်နိုင်တာထက်ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ရဂ်ဘီပွဲတွေမှာ တွေ့ရတဲ့ လေးစားမှုဟာ ဒီလိုမျိုးအရာဖြစ်ပြီးတော့ ကျနော်တို့အားလုံး လေ့လာအတုယူရပါမယ်” လို့ လမ်းပတ်က ပြောပါတယ်။  လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာမှာရှိနေပြီး နံပါတ်ငါး နေရာက အာဆင်နယ်အသင်းနဲ့ လေးမှတ်အကွာ၊ ဇယားထိပ်က လီဗာပူးလ်အသင်းနဲ့ ရှစ်မှတ်အကွာ အနေအထားမှာရှိနေပါတယ်။  Ref: Goal.com
2 years Ago
Up