ဘောလုံးလု

September 14, 2020

စပါးကစားသမားများ ဘောလုံးလုရန် ပျက်ကွက်ဟု မော်ရင်ဟို အပြစ်တင်

စပါးကစားသမားတွေဟာ ဘောလုံးလုယူဖို့ ပျက်ကွက်ခဲ့ကြတယ်လို့ နည်းပြမော်ရင်ဟိုက အပြစ်တင်လိုက်ပါတယ်။  အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပရီးမီးယာလိဂ်အဖွင့်ပွဲစဉ်မှာ စပါးအသင်းက အဲဗာတန်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့တာပါ။  အသင်းရဲ့ခြေစွမ်းပိုင်း နဲ့ ပတ်သက်လို့ စိတ်ပျက်မိပြီး ရစ်ချာလီဆန်ရဲ့ အခွင့်အရေး တကြိမ်က လွဲလို့ ပထမပိုင်းကို ဦးဆောင်ကစားနိုင်ခဲ့ကြောင်း၊ ဒုတိယပိုင်း ဂိုးပေးလိုက်ရအပြီးမှာ အဲဗာတန်က ပွဲကို ထိန်းချုပ်သွားခဲ့ပြီး စပါးအသင်းအနေနဲ့ အခွင့်အရေးတွေ မရခဲ့ကြောင်း နည်းပြ မော်ရင်ဟိုက ပြောပါတယ်။  ဘောလုံးလုယူတဲ့အခါ ရုန်းကန်ခဲ့ရတာ ဖြစ်နိုင်သလို လုယူတာမျိုး မလုပ်ခဲ့တာလည်း ဖြစ်နိုင်ပြီး ကစားသမားတွေရဲ့ဘောလုံးလုယူနိုင်မှုဟာ အားနည်းခဲ့ကြောင်းနဲ့ ပျင်းရိငြီးငွေ့စွာနဲ့ ကစားနေခဲ့ကြတယ်လို့ နည်းပြမော်ရင်ဟိုက ဝေဖန်ခဲ့ပါတယ်။  ဒါ့အပြင်  နောက်ခံလူ ဒိုဟာတီနဲ့တချို့ ကစားသမားတွေက ပွဲကစားဖို့ ကြံ့ခိုင်မှု မပြည့်ဝ သေးကြောင်းနဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်သူ နည်းပြအန်စလော့တီအတွက် ဂုဏ်ယူကြောင်းလည်း မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။ 
1 year Ago
Up