ဘောလုံးကွင်းထဲကို အမှတ်မထင် ရောက်ရှိလာခဲ့တဲ့ ခွေးလေးတကောင်ဟာ သူ့ရဲ့ ဘောလုံးစကေး ကျွမ်းကျင်မှုကြောင့် အစီအစဉ်တင်ဆက်သူရဲ့ ထုတ်ဖော်ချီးကျူးမှုကို ရရှိခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ ဖေဖော်ဝါရီ ၁၇ ရက်မှာ ကစားခဲ့တဲ့ တူရကီ ပရော်ဖက်ရှင်နယ် ဘောလုံးပွဲစဉ်တခုမှာ ဖြစ်ပွားခဲ့တာပါ။
ဘောလုံးပွဲ ယှဉ်ပြိုင်နေစဉ်မှာ ခွေးလေးဟာ ကွင်းထဲ ဝင်ရောက်လာခဲ့ပြီး ကစားနေတဲ့ ဘောလုံးကို ယူဆောင်ကာ လှည့်ပတ်ပြေးလွှားခဲ့ပါတယ်။
ဒီဘောလုံးကို ကစားသမားတွေနဲ့ ဒိုင်လူကြီးတို့က ပြန်လည်ရယူဖို့ ကြိုးစားခဲ့ရပြီး ဒီဖြစ်ရပ်ကို ပရိသတ်တွေနဲ့ လုံခြုံရေးအဖွဲ့အဝင်တွေကလည်း မြင်တွေ့ခဲ့ရပါတယ်။
ပထမဆုံးအနေနဲ့ ကစားသမားတဦးက ဘောလုံးကို ကွင်းအပြင်ကန်ထုတ်ကာ ခွေးလေးအား လိုက်ဖမ်းစေခဲ့ပြီး ကွင်းပြင်ရောက်အောင် စီမံနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ခဏလေးအတွင်းမှာ ဒီခွေးလေးဟာ ကွင်းထဲကို ပြန်လည်ရောက်ရှိလာခဲ့ပြန်ပါတယ်။
ဒါ့ကြောင့် ယှဉ်ပြိုင်ကစားနေတဲ့ ဖာတစ်ကာရာဂူးမက်စပေါအသင်းရဲ့ အသင်းခေါင်းဆောင် ဇီကီ ယီဒင်ရီက သူ့ကို ပွေ့ချီကာ ကွင်းအပြင်ထုတ်ပြီးမှ ပွဲကို ဆက်လက်ကစားနိုင်ခဲ့ပါတယ်။
ဒီပွဲစဉ်မှာ အိမ်ရှင်ဖာတစ်ကာရာ ဂူးမက်စပေါအသင်းဟာ ပြိုင်ဘက် ဂျီရီဆန်စပေါအသင်းကို နှစ်ဂိုး တဂိုးနဲ့ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
1 year Ago