ဘောလုံးကွင်း

January 6, 2022

ရွှေပေါက်ကံ ဘောလုံးကွင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ် ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက်ကံမြို့နယ် လျှပ်စစ်ရုံးရုံးဘေး ဘောလုံးကွင်းအတွင်း  စစ်ကောင်စီအဖွဲ့တွေ တပ်စွဲထားတဲ့နေရာမှာ ဇန်နဝါရီ ၆ ရက် မနက်အစောပိုင်းက ဗုံး ၃ လုံးဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက် ၅ နာရီလောက်က ဗုံးတွေ ဆက်တိုက်ပေါက်ကွဲတာပဲ။ အသံအတော် ကျယ်တယ်။ အစောကြီးဆိုတော့ လူထိခိုက်တာတော့ သေချာမသိဘူး” လို့ အနီးနားနေထိုင်သူတစ်ဦးက ပြောပါတယ်။

အဆိုပါ ဗုံးဖောက်ခွဲမှုကို Yangon Federal Army -YFA နဲ့ ပူးပေါင်းအဖွဲ့က M 79  40mm ဗုံးသီး  ၃ လုံး နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးထိ ထိခိုက်နိုင်တယ်လို့ YFA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်မှာ ပေါက်ကွဲမှုတွေ၊ ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေသလို စစ်ကောင်စီ တပ်ဘက်ကေည်း စစ်ဆေးရေးတွေ တင်းကြပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၅ ရက် ည ၇ နာရီကျော်လောက်ကလည်း ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် သင်္ဘောကျင်းရဲစခန်းကို B.E.R.A.F (ဗမာ့ နောက်ဆုံးတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့) က  လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

2 weeks Ago

April 4, 2020

တောင်ကိုရီးယား အလုပ်စာမေးပွဲကို ဘောလုံးကွင်းအတွင်း ၁၅ ပေခြား စစ်ဆေး

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာကို ရှောင်ရှားဖို့ တောင်ကိုရီးယား အလုပ်ရှာဖွေသူတွေဟာ  ဧပြီလ ၄ ရက်က ဘောလုံးကွင်းအတွင်း စာမေးပွဲ ဖြေဆိုခဲ့ကြပါတယ်။   Social Distancing လို့ ခေါ်တဲ့ တဦးနဲ့တဦး ခပ်ခွာခွာရှိစေဖို့ရာ အန်ဆန်မြို့  ဘောလုံးကွင်းမှာ ဖြေဆိုသူတွေဟာ ၁၅ ပေ ခြားပြီး စာမေးပွဲဖြေဆိုခဲ့ရပါတယ်။ အန်ဆန်မြို့တော်ကော်ပိုရေးရှင်း  ဝန်ထမ်းခန့်အပ်ရေးအတွက် ဝင်ခွင့်စာမေးပွဲကို စတုရန်း မီတာ ၆၆၀၀ ရှိတဲ့ ဘောလုံးကွင်းထဲမှာ ပြုလုပ်ခဲ့တာပါ။  အလုပ်အကိုင်ရှာဖွေရေးကော်ပိုရေးရှင်းက ကိုရိုနာဗိုင်းရပ်စ်ကို ရှောင်ရှားဖို့ ဘောလုံးကွင်းထဲမှာ  စာမေးပွဲ ကျင်းပခဲ့ပေမယ့် စီးပွားရေးအကျပ်အတည်းကြောင့် ဝန်ထမ်းသစ် ခန့်အပ်တာကို ရွှေ့ဆိုင်းလို့ မဖြစ်ဘူးဆိုပြီး ပြောခဲ့ပါတယ်။  စာမေးပွဲ လာရောက်ဖြေဆိုသူတဦးကလည်း  “ဘောလုံးကွင်းထဲမှာ စာမေးပွဲဖြေရတာ ချမ်းလွန်းတဲ့အတွက် အခက်အခဲရှိပေမယ့် စာမေးပွဲဖြေဖြစ်တာတော့ စိတ်အေးမိတယ်”လို့ ပြောပါတယ်။  တခြားဖြေဆိုသူတဦးကလည်း  “စာမေးပွဲဖြေရင်း မြက်တွေကို ကြည့်ရတာ ခပ်ဆန်းဆန်းပဲ။  ဒီနေ့ စာမေးပွဲဟာ ခါတိုင်းနဲ့ မတူဘဲ တမျိုးဖြစ်နေတယ်”လို့ ပြောပါတယ်။
2 years Ago
More News
Up