ဘောလုံး

January 11, 2023

ပိုလန်အသင်းနည်းပြချုပ်အဖြစ် ကမ်းလှမ်းချက်ကို လက်ခံရန် နည်းပြဂျရတ် ပြင်ဆင်

အင်္ဂလန်နည်းပြ ဂျရတ်ဟာ ပိုလန်လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် ကမ်းလှမ်းချက်ကို လက်ခံဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက အက်စတွန်ဗီလာနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဂျရတ်ဟာ အသင်းလက်မဲ့ ဖြစ်နေတာပါ။

သူ့ကို ပိုလန်အသင်းက နည်းပြချုပ်တာဝန်ပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဂျရတ်ဘက်ကလည်း လက်ခံဖို့ ရှိနေတာပါ။

ဂျရတ်ဟာ ပိုလန်နည်းပြ ဖြစ်လာရင်တော့ ဗီလာအသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ နောက်ခံလူ မက်တီကတ်ရှ်နဲ့ ပြန်လည်တွေ့ဆုံမှာပါ။

ပိုလန်အသင်းဟာ ပေါ်တူဂီနည်းပြဖြစ်လာတဲ့ မာတီနက်ဇ်ကိုလည်း လျာထားခဲ့သေးတယ်လို့ ဆိုပါတယ်။

3 weeks Ago

November 5, 2022

ဘောလုံးအပေါ်မှာသာအာရုံစိုက်ကြရန် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နိုင်ငံများကို ဖီဖာတိုက်တွန်း

ဘောလုံးအပေါ်မှာပဲအာရုံစိုက်ကြဖို့ ကမ္ဘာ့ဖလားယှဉ်ပြိုင်ကြမယ့်နိုင်ငံတွေကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ) ကတိုက်တွန်းသွားပါတယ်။

လာမယ့် နိုဝင်ဘာ ၂၀ ရက်မှာ စတင်မယ့် ကာတာ ကမ္ဘာ့ဖလားအိမ်ရှင် ကာတာနိုင်ငံဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ရွှေ့ပြောင်းလုပ်သားတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေကြောင့် ဥရောပနိုင်ငံတွေက ကန့်ကွက်မှုတွေရှိနေတာပါ။

ဒိန်းမတ်လက်ရွေးစင်အသင်းဟာ ကာတာနိုင်ငံရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကန့်ကွက်တဲ့ အနေနဲ့ လိုဂိုနဲ့ အမှတ်တံဆိပ်တွေကို ဂျာစီအရောင်နဲ့ ဖုံးအုပ်ပြီး ပြိုင်ပွဲဝင်မှာပါ။

အလားတူ ပြင်သစ်က မြို့ကြီးတွေမှာလည်း ကမ္ဘာ့ဖလားပွဲစဉ်တွေကို အများပြည်သူတွေရှေ့မှာ ပြသခြင်းမပြုဖို့ ဆုံးဖြတ်ထားပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကတော့ လက်ရှိအချိန်မှာ ပြိုင်ပွဲနီးကပ်နေပြီဖြစ်ပြီး ပြိုင်ပွဲဝင် အသင်းတွေအနေနဲ့ ပြိုင်ပွဲအပေါ်မှာပဲအာရုံစိုက်ဖို့လိုကြောင်း၊ မတူညီတဲ့အမြင်တွေကို လေးစားမှုရှိ ပေမယ့် ပြိုင်ပွဲအပေါ်သိက္ခာချဖို့ မလုပ်ဆောင်သင့်ကြောင်း၊ နိုင်ငံ၊ ကျားမ၊ အရောင်အသွေး အပါအဝင် လိင်ပိုင်းဆိုင်ရာ မတူညီတဲ့ ဘယ်ပရိသတ်ကိုမဆို ကာတာကမ္ဘာ့ဖလားက ကြိုဆိုကြောင်း  ဖီဖာကအသင်းတွေကို အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။

3 months Ago
More News
Up