ဘောရှီဗစ်တော်လှန်ရေ

November 8, 2020

မော်စကိုတွင် ကွန်မြူနစ်ပါတီဝင်များ ဘောရှီဗစ်တော်လှန်ရေး နှစ်ပတ်လည်ဆင်နွဲ

ရုရှားနိုင်ငံရဲ့မြို့တော် မော်စကိုက ရင်ပြင်နီမှာ ကွန်မြူနစ်ပါတီဝင်တွေ နိုဝင်ဘာ ၇ ရက်က စုရုံးခဲ့ကြပါတယ်။ ဇာဘုရင်မင်းဆက်ကို ဖြုတ်ချပြီး ဆိုဗီယက်ပြည်ထောင်စုကို နိုင်ငံရေးအခင်းအကျင်း နေရာချပေးခဲ့တဲ့ ၁၉၁၇ ဘော်ရှီဗစ်တော်လှန်ရေးကို အောက်မေ့တဲ့ အမှတ်တရ နှစ်ပတ်လည်နေ့ကို ဆင်နွှဲနေကြတာပါ။ ဆိုဗီယက်ပြည်ထောင်စုကို တည်ထောင်သူ ဗလာဒီမီယာ လီနင်နဲ့ ခေါင်းဆောင် ဂျိုးဇက် စတာလင်တို့ရဲ့ ပုံတူတွေ၊ အလံနီတွေကို ကိုင်ဆောင်ရင်း ရာချီတဲ့ လူတွေ ချီတက်ခဲ့ကြပါတယ်။  ကွန်မြူနစ်ပါတီကို ထောက်ခံသူတွေက လီနင်ရဲ့ ဂူဗိမာန်မှာ ပန်းတွေချ အလေးပြုပြီး ကွန်မြူနစ်ပါတီခေါင်းဆောင် ဂန်နာဒီ ဇယူဂါနော့ဗ်က မိန့်ခွန်းပြောပါတယ်။  တော်လှန်ရေးဟာ လွန်ခဲ့တဲ့ နှစ် ၃၀၀ အတွင်း ဖြစ်ခဲ့သမျှထဲမှာ အကြီးမြတ်ဆုံးလို့လည်း သူက ရည်ညွှန်း ပြောဆိုပါတယ်။  အောက်တိုဘာတော်လှန်ရေးဟာ ဆိုဗီယက်ပြည်ထောင်စုကို နှစ် ၇၀ ထိန်းချုပ်ခဲ့တဲ့ ကွန်မြူနစ်ပါတီလက်ထဲကို ဦးဆောင်မှု အခန်းကဏ္ဍပေးခဲ့ပါတယ်။   
2 years Ago
Up