ဘောရစ်ဂျွန်ဆင်

November 17, 2020

ကိုဗစ်-၁၉ ပိုးတွေ့သူနှင့်အတူ အစည်းအဝေးထိုင်ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် သီးသန့်ခွဲ နေထိုင်နေရ

ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ဒေါင်းနင်းလမ်း နေအိမ်မှာ အစည်းဝေးလုပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၊ တိုရီပါလီမန်အမတ် ၆ ယောက်နဲ့ နိုင်ငံရေး လက်ထောက် နှစ်ယောက်တို့ဟာ သီးသန့်ခွဲ နေထိုင်နေရပါတယ်။ နိုဝင်ဘာလ ၁၂ ရက်က အစည်းအဝေးလုပ်ခဲ့ပြီးနောက် အမတ်တစ်ဦးဖြစ်တဲ့ လီအန်ဒါဆင်မှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့ပြီးနောက် နိုဝင်ဘာလ ၁၅ ရက်မှာတော့ ဝန်ကြီးချုပ် ဂျွန်ဆင်ကို သီးသန့်ခွဲနေထိုင်ဖို့ အမျိုးသားကျန်းမာရေးဌာန NHS က ပြောခဲ့တာ ဖြစ်ပါတယ်။  ဒေါင်းနင်းလမ်း နေအိမ်က ထုတ်လွှင့်တဲ့ ဗွီဒီယိုမှာ ဂျွန်ဆင်က တခြားသူတွေကိုလည်း စည်းမျဉ်းလိုက်နာဖို့ တိုက်တွန်းခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒေါင်းနင်းလမ်းဟာ ကိုဗစ်ကင်းတယ်လို့ ဆိုပါတယ်။ အစည်းအဝေးကို တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာ အနေအထားနဲ့လုပ်ခဲ့ပေမယ့် အစည်းအဝေး ကြာမြင့်ချိန် စတဲ့ အချက်တွေကို NHS  စစ်ဆေးခြေရာခံအဖွဲ့က ထည့်သွင်းစဉ်းစားနေတယ်လို့ သူက ဆိုပါတယ်။  ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ ပါလီမန်အမတ် အန်ဒါဆင်နဲ့ ၃၅ မိနစ်ခန့် အတူရှိခဲ့ပါတယ်။ အန်ဒါဆင်ဟာ အစည်းအဝေးတက်ပြီး နောက်ရက်မှာ အရသာပျောက်ခဲ့တယ်လို့ ဘီဘီစီက ဖော်ပြပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ပြီးခဲ့တဲ့ ဧပြီလက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားလာတဲ့အတွက် အထူးကြပ်မတ်ကုသပေးခဲ့ရပြီးနောက် နေပြန်ကောင်းလာခဲ့တာ ဖြစ်ပါတယ်။
11 months Ago

November 14, 2020

ဗြိတိန်ဝန်ကြီးချုပ်၏ အကြံပေး ရာထူးက နုတ်ထွက်

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ သြဇာအကြီးဆုံး အကြံပေး ဒိုမစ်နစ်ကမ်းမင်းစ်ဟာ ရာထူးက ချက်ချင်းနုတ်ထွက်သွားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။  နိုဝင်ဘာလ ၁၃ ရက်က ဒေါင်းနင်းလမ်း နေအိမ်ကနေ ကမ်းမင်းစ် ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။  တိုင်းမ်စ်၊ ဘီဘီစီ နဲ့ စကိုင်းသတင်းတွေအရ ဗြိတိန်ဝန်ကြီးချုပ် အကြံပေး ကမ်းမင်းစ်ဟာ ခရစ္စမတ်အထိ ရာထူးမှာ ဆက်မနေဖို့ ဆုံးဖြတ်ခဲ့ပြီး ချက်ချင်းနုတ်ထွက်သွားတယ်လို့ သိရပါတယ်။  ဒါ့အပြင် ဝန်ကြီးချုပ်ရုံး ဆက်ဆံရေး ဒါရိုက်တာ လီကိန်းဟာလည်း အစောပိုင်းက ရာထူး နုတ်ထွက်သွားခဲ့ပါတယ်။  ၂၀၁၆ ဘရဲဆစ် ဆန္ဒခံယူပွဲနဲ့ ဂျွန်ဆင်ရဲ့ ၂၀၁၉ ရွေးကောက်ပွဲအနိုင်ရမှု နောက်ကွယ်က အဓိက ပါဝင်ခဲ့တဲ့ ကမ်းမင်းစ်က သူ့အနေနဲ့ အီးယူကနေ ဗြိတိန် တရားဝင် နုတ်ထွက်တဲ့ ဒီနှစ်ကုန်မှ ရာထူးကနေ နုတ်ထွက်လိုတယ်ဆိုပြီး ဘီဘီစီကို ပြောဖူးပါတယ်။
11 months Ago
More News
Up