မနေ့ညက ကန်သွားတဲ့ ဘောက်ဆင်ဒေးပရီးမီးယားလိဂ်ပွဲစဉ် တပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်တို့ ပွဲစဉ်မှာတော့ မန်ယူတို့ ၄ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ နယူးကာဆယ်က လောင်းစတပ်ဖ်က ပထမပိုင်းပွဲချိန် ၁၇ မိနစ်မှာပဲ ဦးဆောင်ဂိုး စသွင်းယူပြီးနိုင်ခဲ့လို့ မန်ယူအသင်းအတွက် စိုးရိမ်စရာအခြေအနေဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ပွဲချိန် ၂၄ မိနစ်မှာပဲ မန်ယူနိူက်အတွက် ချေပဂိုးကို မာရှယ်က စသွင်းယူခဲ့ပြီး ပွဲချိန် ၃၆ မိနစ်မှာ ဂရင်းဝုတ်က တဂိုး ၄၁ မိနစ်မှာ ရပ်ရှ်ဖို့ဒ်က တဂိုးထပ်သွင်းယူခဲ့လို့ ပထပိုင်းမှာတင် မန်ယူတို့ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရနေပါတယ်။
ဒုတိယပိုင်းမှာလည်း မန်ယူတို့ ကစားကွက်အသာနဲ့ ကစားနိုင်ခဲ့ပြီး ပွဲချိန် ၅၁ မိနစ်မှာ မာရှယ်က အနိုင်ဂိုး တဂိုးထပ်သွင်းယူခဲ့လို့ ပြီးအပြီးမှာ မန်ယူအသင်း (၄-၁) ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲရဲ့ အကောင်းဆုံးဘောလုံးသမားဆုကို မာရှယ်ကရရှိသွားပြီး ဒီပွဲနိုင်လို့ မန်ယူနိုက်တက်က အမှတ်ပေးဇယား အဆင့် ၇ နေရာကို တက်လှမ်းသွားပါတယ်။
1 year Ago