ဘောက်ဆင်ဒေး

A d v e r t i s e m e n t With Us

December 30, 2019

ဘောက်ဆင်ဒေး ပွဲကြပ်ရက်တွင် လီဗာပူးနှင့် မန်စီးတီး နိုင်ပြီး အာဆင်နယ် ရှုံး (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ဘောက်ဆင်ဒေးပွဲကြပ်ရက်မှာ လီဗာပူးနဲ့ မန်စီးတီးတို့ အနိုင်ရပြီး  အာဆင်နယ် ရှုံးသွားပါတယ်။  အာဆင်နယ်က အိမ်ကွင်းမှာ ဦးဆောင်ဂိုးသွင်းပြီမှ ချဲလ်ဆီးကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးသွားတာပါ။   ဒါဟာ နည်းပြသစ် အာတီတာဟာအတွက် အိမ်ကွင်းမှာ ပထမဆုံး ရှုံးပွဲနဲ့ ကြုံရတာဖြစ်ပါတယ်။ လီဗာပူးကတော့ အိမ်ကွင်းမှာ ဝုဗ်ဘာဟန်တန်ကို ၁ ဂိုးတည်းနဲ့ အနိုင်ရသွားခဲ့ပြီး ဒီဂိုးကို တိုက်စစ်မှူး မာနေးက ပထမပိုင်းမှာ သွင်းယူခဲ့ပါတယ်။  ဒီပွဲနိုင်လို့ လီဗာပူးဟာ အိမ်ကွင်းမှာ  ဒီရာသီအတွင်း ၁၇ ပွဲအထိ နိုင်ပွဲ ရထားပြီး တပွဲလျော့နဲ့ ဒုတိယနေရာက လက်စတာကို ၁၃အထိ ဖြတ်ထားပါတယ်။  မန်ချက်စတာစီးတီးအသင်းကတော့ အိမ်ကွင်းမှာ ရှဖီးယူနိုက်တက်ကို အဂုရို၊ ဒီဘရိုင်းတို့ သွင်းဂိုးတွေနဲ့  ၂ ဂိုး ပြတ်နဲ့ အနိုင်ရသွားပါတယ်။  ဒီပွဲမှာ ဒီဘရိုင်း ခြေစွမ်းပြ ကစားနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ မန်စီးတီးဟာ လတ်တလောမှာ ၄၁ မှတ်နဲ့ ဇယားထိပ်က လီဗာပူးနဲ့ ၁၄ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
1 year Ago
Up