ဘေရွတ်

December 7, 2020

ဘေရွတ်မြို့တွင် မိုးသီးမုန်တိုင်း တိုက်ခတ် (ရုပ်သံ)

လက်ဘနွန်နိုင်ငံရဲ့မြို့တော် ဘေရွတ်မှာ ဒီဇင်ဘာ ၅ ရက်က မိုးသီးမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့လို့ တချို့နေရာတွေက လမ်းတွေ ဖြူဖွေးသွားပြီး ရေဘေးသင့်ခဲ့တဲ့အတွက် ဒေသခံတွေ အံ့အားသင့်ခဲ့ကြပါတယ်။  လမ်းတွေထဲမှာ မိုးသီးတွေ ပြည့်နေပြီး မိုးသီးတွေ မျောပါနေတဲ့ ရေတွေ လမ်းတလျှောက် စီးဆင်းနေတဲ့ ပုံရိပ်တွေကို ရိုက်တာသတင်းဌာနက ထုတ်လွှင့်ပါတယ်။  ဘေရွတ်မှာ မိုးသီးမုန်တိုင်း နောက်ဆုံးကျခဲ့တာ ၁၉၆၈ ခုနှစ်ကလို့ လက်ဘနွန် မိုးလေဝသ ဟောကိန်းဌာန တည်ထောင်သူ အီးလီးယပ်စ်ဆာဒါက မီဒီယာကို ပြောပါတယ်။  သြဂုတ် ၄ ရက် ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုကြောင့် လူ ၃ သိန်း အိုးအိမ်မဲ့ ဖြစ်နေချိန်မှာ နှင်းနဲ့ မိုးတွေ ရွာကျခဲ့တာလည်း ဖြစ်ပါတယ်။ 
5 months Ago

September 4, 2020

ဘေရွတ်ရှိ ပြိုကျအဆောက်အအုံအပျက်အစီးများအောက်၌ အသက်ရှင်သူများ ရှိနေဆဲ

လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုဖြစ်ပြီး တစ်လကျော်အကြာ စက်တင်ဘာ ၃ ရက်က ဘေရွတ်လူနေရပ်ကွက် ပြိုကျအဆောက်အအအုံအပျက်အစီးအောက်ကနေ  အသက် ရှင်သူရှိတဲ့  အရိပ်အယောင်တွေကို ကယ်ဆယ်ရေးဝန်ထမ်းတွေက ထောက်လှမ်း သိရှိခဲ့ပါတယ်။ စက်တင်ဘာ ၃ ရက်ညနေက ဂျမေးလ်အရပ်ရှိ ပြိုကျအဆောက်အအုံအောက်ကနေ လှုပ်ရှားမှုတစ်ခုကို  ရှာဖွေကယ်ဆယ်ရေး ခွေးတစ်ကောင်ပါတဲ့အဖွဲ့က ထောက်လှမ်းသိရှိတယ်လို့  နိုင်ငံပိုင် NNA  သတင်းအေဂျင်စီက ကြေညာပါတယ်။  အဲဒီအရပ်ဟာ  သြဂုတ် ၄ ရက်ကဖြစ်တဲ့ ပေါက်ကွဲမှုကြောင့် အဆိုးရွားဆုံး ထိခိုက်ရာ နေရာတစ်ခုဖြစ်ပြီး  ပေါက်ကွဲမှုကြောင့် လူ  ၁၉၀ ခန့် သေဆုံးကာ ၆,၀၀၀ ဒဏ်ရာရခဲ့ပါတယ်။  အဲဒီလိုလှုပ်ရှားမှုကို တွေ့တာမို့ နာရီပေါင်းများစွာ အပြိုအပျက်တွေကို တူးဆွခဲ့ပေမဲ့ ပြိုကျအပျက်အစီးတွေဟာ ဘေးအန္တရာယ် စိတ်ချရမှုမရှိတာကြောင့် ရှာဖွေရေးကို ခေတ္တ ရပ်ဆိုင်းခဲ့ပါတယ်။   အပြိုအပျက်တွေကို ဘေးကင်းကင်းနဲ့ ရှင်းလင်းဖို့ဆိုရင် စက်ယန္တရားကြီးတွေ လိုအပ်ပြီး မနက်တိုင်တဲ့အထိ စက်ယန္တရား ရောက်မလာခဲ့ဘူးလို့ ကယ်ဆယ်ရေးဝန်ထမ်းတဦးက ပြော ပါတယ်။  ကယ်ဆယ်ရေး ရပ်လိုက်တာကြောင့် အဲဒီပြိုကျနေရာကို ဆန္ဒပြသူတွေ စုဝေးလာပြီး    ကယ်ဆယ်ရေး ဆက်မလုပ်တဲ့အပေါ် ဒေါသထွက်ခဲ့ကြပါတယ်။   နောက်ပိုင်း အဲဒီနေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်လာခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
8 months Ago
More News
Up