ဘူးသီး​တောင်​တွင် စိတ်​ကြွမူးယစ်​​ဆေးပြား ၁၄ သိန်း​ကျော်​ ဖမ်းမိ

August 26, 2018

ဘူးသီး​တောင်​တွင် စိတ်​ကြွမူးယစ်​​ဆေးပြား ၁၄ သိန်း​ကျော်​ ဖမ်းမိ

ရခိုင်​ပြည်​နယ်​ ဘူးသီး​တောင်​မြို့မှာ စိတ်​ကြွ​ဆေးပြား ၁၄ သိန်း​ကျော်​ကို သယ်​​ဆောင်​လာတဲ့ အမျိုးသား ၂ ​ဦးကို ဩဂုတ်​ ၂၅ ရက်​​နေ့ ည​နေပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်​လို့ ရဲတပ်​ဖွဲ့က သိရပါတယ်​။ ရဲတပ်​ဖွဲ့က ဘူးသီး​တောင်​​-မောင်​​တောလမ်း၊ ဘူးသီး​တောင်​ မြို့အဝင်​အထွက်​ စစ်​​ဆေး​ရေးဂိတ်​မှာ လုံခြုံ​ရေးဆောင်​ရွက်​​ဖို့ ​မော်​​တော်​ယာဉ်​​တွေကို ရှာ​ဖွေတဲ့အချိန်​မှာ ​တွေ့ရှိခဲ့ ရတာပါ။ ဓညဝတီလမ်းအတိုင်း စစ်​​ဆေး​ရေးဂိတ်​ဘက်​ကို ​မောင်းနှင်​လာတဲ့ ​Boxy အမျိးအစား ယာဉ်​​ကို ရပ်​တန့်​စစ်​​ဆေးတဲ့အခါ ကား​နောက်​ခန်းမှာ တင်​​ဆောင်​လာတဲ့ ပီနံအိတ်​​တွေထဲက မြင်း​ချေး​ရောင်​ စက္ကူနဲ့ ထုတ်​ထားတဲ့ အထုတ်​ ၁၄၉ ထုတ်​ကို ​တွေ့ရတယ်​၊ အဲ့ဒီအထုတ်​​တွေကို ​ဖောက်​စစ်​​တော့ ​ဆေးပြား ၁,၄၅၂,၇၅ဝ ကို​တွေ့ရလို့ သယ်​လာတဲ့ လူနှစ်​​ယောက်​ကို ဖမ်းဆီး စစ်​​ဆေး​နေပါတယ်​လို့ မြို့မရဲစခန်းမှူးက ​ပြောပါတယ်​။ ​ဆေးပြား​တွေ သယ်​​ဆောင်​လာသူ​ ယာဉ်​​မောင်း ​အောင်​မျိုးလွင်​နဲ့ အတူပါလာတဲ့ ခင်​​မောင်​ဝင်​တို့ကို ဘူးသီး​တောင်​ ရဲစခန်းမှာ အမှုဖွင့် အ​ရေးယူထားပါတယ်​။ သတင်း - ကို​အောင်​၊ ဓာတ်​ပုံ - ရဲတပ်​ဖွဲ့
3 years Ago
Up