ဘူးသီး​တောင်

July 30, 2019

ဘူးသီး​တောင်​မြို့နယ်၌ တိုက်​ပွဲအကြား ပိတ်​မိ​နေသူ ၁၁ ဦးကို အိုင်စီအာစီ ကယ်​ထုတ်

ရခိုင်ပြည်နယ်၊ ဘူးသီး​တောင်​မြို့နယ်မှာ  တပ်​မ​တော်​နဲ့ အေ​အေတို့အကြား တိုက်​ပွဲတွေကြောင့် ကျေးရွာတွေမှာ ပိတ်​မိ​နေတဲ့ သက်ကြီးရွယ်အိုတွေအပါအ၀င် ရွာသား ၁၁ ဦးကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (အိုင်စီအာစီ)က ကယ်ထုတ်ခဲ့ရပါတယ်။ ဇူလိုင်​ ၂၉ ရက်​​ ​ နေ့လယ်ပိုင်းမှာ  မြို့နယ်​အ​​ထွေ​ထွေအုပ်​လျုပ်​​ရေးမှူးရဲ့ ခွင့်ပြုချက်​နဲ့ ကယ်​ထုတ်​လာနိုင်ခဲ့တာလို့  အိုင်စီအာစီအဖွဲ့ တာဝန်​ရှိသူ တဦးက ပြောပါတယ်။ “ဥယာဉ်​သာ​ကျေးရွာက ဆရာ​တော်​အပါအ၀င်​ အားလုံး ၁၁ ဦးပါ ​ သက်​ကြီးရွယ်​အို​တွေ ပါဝင်​ပါတယ်။ သရက်​ပြင်​​ကျေးရွာက တဦးကိုတော့ သရက်​ပြင်​​ကျေးရွာမှာ ချ​ပေးထားခဲ့ပါတယ်​” လို့​ပြောပါတယ်။ ကယ်​ထုတ်​နိုင်ခဲ့သူ ၁၁ ဦးကတော့ ဥယာဉ်​သာ​ကျေးရွာက ဥယာဉ်​သာဆရာ​တော်​ ဦးသုမန၊ ဦးစိန်​သာခိုင်​၊ ဦး​မောင်​​ကျော်​လှ၊ ဦး​မောင်​လူကြီး၊ ဦးဘတင်​၊ သျှရှား​တောင်​​ကျေးရွာက ဒေါ်ဦးလှညွှန့်​၊ စံဂိုး​ထောင်​​ကျေးရွာမှ ဦး​ကျော်​စိန်​၊ ဦး​စောလှ၊ ​ဒေါ်မနှစိန်​၊ ​ဒေါ်ဒါပွင့်​ဖြူ၊ နွားရုံတောင်​​ကျေးရွာက မျက်​မမြင်​အဘိုးအို ဦး​စောထွန်းဦး တို့ ဖြစ်ကြပါတယ်။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို စစ်​တပ်​က ဥယာဉ်​သာရွာထဲ ၀င်​ခွင့်​မ​ပေးတဲ့အကြောင်းနဲ့ ​သျှရှား​တောင်​​ကျေးရွာက အသက်​ ၈၀ ကျော်​အရွယ်​ ဒေါ်အောင်​ဖြူကို ရှာဖွေမတွေ့ဘူး လို့ ရွာသူရွာသားတွေက ပြောပါတယ်။
2 years Ago

March 29, 2019

ဘူးသီး​တောင်​​ ဖုံညိုလိပ်ဘင်္ဂလီရွာသို့ ဘင်္ဂါလီစစ်ဘေးရှောင် ၆၀၀ ကျော်ရောက်ရှိ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ဘင်္ဂါလီကျေးရွာကို ဆင်သေပြင် ​ဘင်္ဂလီ​ကျေးရွာ၊ ထိပ်တူးပေါက်ဘဂါင်္လီကျေးရွာတွေက စစ်ဘေးရှောင် ၆၃၆ ဦးရောက်ရှိလာတယ်လို့ ဖုံညိုလိပ်​​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ​ဦးမောင်​သန်းနိုင်​က ​ပြောပါတယ်။ "မတ်​လ ၂၇ ရက်​နဲ့ ၂၈ ရက်​​တွေမှာ ဘဂါင်္လီစစ်​​ပြေးဒုက္ခသည်​ ၆၃၆ ဦး ဖုံညိုလိမ်​​ကျေးရွာ ဘဂါင်္လီ​ကျေးရွာကို ​ရောက်​ရှိ​နေပါတယ်​။ ​လော​လောဆယ်​​တော့ သူတို့ကို ဖုံညိုလိပ်​ ဘင်္ဂါလီကျေးရွာ​တွေမှာ ​နေရာချ​ပေးထားပါတယ်​။ တ​ရပ်​ကွက်​မှာ ၃၀/၄၀ ​ပေါ့​လေ။ သူတို့နဲ့ နီးစပ်​​ရာ​ဆွေမျိုး​တွေဆီမှာ ​နေကြသူ​တွေလည်းရှိတယ်။ လူကယ်​ပြန်​က​တော့ ဆန်​​တွေ လာ​ထောက်​ပံ့ပါတယ်​။ ဖုံညိုလိပ်​က ရခိုင်​ရွာသူ/သား​တွေက​တော အားလုံးနီးပါး ဘူးသီး​တောင်​မြို့က ဒုက္ခသည်​စခန်း​တွေနဲ့ နီးစပ်​ရာ​ဆွေမျိုး​တွေထံ ထွက်​​ပြေးသွားကြပါပြီ။" ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာ ရပ်ကွက် ၁ ရှိ ကျေးလက်ဆေးပေးခန်းအနီးမှာ မတ် ၂၅ ရက် ည ၆ နာရီကျော်အချိန်က လက်နက်ကြီး ကျရောက်လို့ ကျန်းမာရေးဝန်ထမ်း ကြီးကြပ် ၂ ဦးနိုင်နိုင်အောင်ရဲ့ ဇနီးဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဆင်​​သေပြင်​​ဘဂါင်္လီ​ကျေးရွာမှ ဘဂါင်္လီ ၃ ဦးလည်း လက်​နက်​ကြီး ကျည်​ထိမှန်​ပြီး ဒဏ်​ရာရရှိခဲ့​ကြောင်း ဆင်​​သေပြင်​​ကျေးရွာမှ မာမတ်​အီဆပ်​က ​ပြောပါတယ်။ "မတ် ၂၅ ရက်​​နေ့က လက်​နက်​ကြီး ကျည်​ကျလို့ ကျနော်​တို့ ဆင်​​သေပြင်​မှာလည်း ၃ ဦး ဒဏ်​ရာရရှိခဲ့ပါတယ်​။ တိုက်ပွဲတွေကလည်း အဆက်​မပြတ်​ဖြစ်​​နေတယ်​ဆို​တော့ ကျနော်​တို့လည်း မ​နေရဲတောဘဲ အခုလိုထွက်​​ပြေးလာတာပါ။" ဘူးသီး​တောင်​မြို့နယ် ​ဖုံညိုလိပ်ကျေးရွာမှာ ရခိုင်​ နဲ့ ဘဂါင်္လီ အိမ်​​ခြေ စုစု​ပေါင်း ၈၀၀ ​ကျော်​ရှိကာ ရခိုင်​ အိမ်​​ခြေ ၃၀ သာရှိ​ကြောင်း သိရပါတယ်​။ ၂၀၁၇ အကြမ်းဖက်​မှုဖြစ်​​စဉ်​ကြောင့် ဘင်္ဂလား​ဒေ့ရှိနိုင်​ငံဘက်​ကို ထွက်​သွားတဲ့ ဘဂါင်္လီမိသားစု မိသားစု ၃၀၀ ​ကျော်​ ထွက်​​ပြေးသွားကြတယ်လို့ သိရပါတယ်​။
2 years Ago
Up