ဘူးသီးတောင်တွင် ရှို့မီးကြောင့် နေအိမ် ၂၆ လုံး မီးလောင်ကျွမ်း

March 3, 2019

ဘူးသီးတောင်တွင် ရှို့မီးကြောင့် နေအိမ် ၂၆ လုံး မီးလောင်ကျွမ်း

ရခိုင်ပြည်နယ် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ကွမ်ဒိုင်ကျေးရွာအုပ်စု၊ မောင်နှမကျေးရွာမှာ မတ်လ ၂ ရက်နေ့  ၃ နာရီ ၁၀ မိနစ်လောက်က ရှို့မီးကြောင့် နေအိမ် ၂၆ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မောင်နှမကျေးရွာမှာ လူနေထိုင်ခြင်းမရှိတဲ့  ဦးရှူနာမမျှော (၄၅ နှစ်)ရဲ့ နေအိမ်ကို တစုံတယောက်က မီးရှို့ခဲ့ရာမှ ခေါင်မိုးပေါ်ကတဆင့် ကူးစက်ရာမှတဆင့် မီးလောင်ကျွမ်း ခဲ့တာပါ။ ဘူးသီးတောင်မြို့နယ် မီးသတ်စခန်းမှ ဒု-မီးသတ်ဦးစီးမှူး ဦးအောင်မင်းထိုက် ဦးဆောင်ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးက မီးငြှိမ်းသတ်ယာဉ် (၁) စီးနဲ့ သွားရောက် ငြှိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်မှုကြောင့် လူမနေအိမ် ၁၂ လုံး၊ လူနေအိမ် ၁၄ လုံး၊ စုစုပေါင်း ၂၆ လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး လူ ၅၈ ယောက် မီးဘေးသင်ခဲ့တကြောင့် ​ကျေးရွာစာသင်ကျောင်းမှာ ယာယီနေရာချထားတယ်လို့ သိရပါတယ်။ မီးလောင်တဲ့နေရာနဲ့ မီးသတ်စခန်းမှာ ၄ မိုင်လောက်ကွာဝေးပြီး လူနဲ့ တိရစ္ဆာန် သေဆုံးမှုမရှိဘူးလို့ သိရပါတယ်။
2 years Ago
Up