ဘူးသီးတောင်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ရွာ ၆ ရွာမှ ဒေသခံများ ထွက်ပြေး (ရုပ်သံ)

March 31, 2019

ဘူးသီးတောင်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ရွာ ၆ ရွာမှ ဒေသခံများ ထွက်ပြေး (ရုပ်သံ)

ဘူးသီး​တောင်​မြို့နယ်မှာ​ လက်​နက်​ကြီးတွေနဲ့ အဆက်​မပြတ်​ ပစ်​ခတ်​​နေတာကြောင့် ကျေးရွာ ၆ ရွာက ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ စံဂိုးထောင်ကျးရွာရာအိမ်မှူးက ပြောပါတယ်။ ဒီနေ့ မနက်​ ၉ နာရီစကပြီး ​ကျေးရွာမျာအနီးသို့ လက်​နက်​ကြီးတွေ ကျ​ရောက်​​ပေါက်​ကွဲနေတာကြောင့် ဘူးသီး​တောင်​မြို့နယ်​ စံဂိုး​ထောင်​​ကျေးရွာအုပ်​စုမှ ​ကျေးရွာ ၆ ရွာမှ ​ကျေးရွာသူ/သားတွေ ထွက်​​ပြေး​နေရ​တာလို့ စံဂိုး​ထောင်​​ကျေးရွာအုပ်​စု ရာအိမ်​မှူး ဦးရဲကျော်က ​​ပြောပါတယ်​။ "​ကျေးရွာ​တွေအနီး လယ်​ကွင်း​ပြင်​​တွေမှာ ကျ​ရောက်​​ပေါက်​ကွဲနေ​တော့ ဘယ်​သူမှ ရွာ​တွေမှာ မ​နေရဲကြ​တောပါ၊ အားလုံးထွက်​​ပြေး​နေကြပါပြီ။ ရခိုင်​ရွာ​တွေသာမက ဘင်္ဂါလီရွာ​တွေပါ ထွက်​​ပြေးကြတာပါ။ မ​နေ့က​တော့ ​ကျော်​ရံအုပ်​စု ​ထိပ်​ထူး​ပေါက်​ ​တောင်​တန်း​ဘက်​ကို ပစ်​ပြီး ဒီ​နေမှာ​တော ​ကျေးရွာ​တွေအနီးကိုပစ်​လာ​တော့ ဘယ်​သူမှ မ​နေရဲကြ​တောပါ။ အခုဆို စံဂိုး​ထောင်​ ​ကျေးရွာက ​နေအိမ်​​တွေမှာ​တောင်​ လက်​နက်​ကြီးကျည်​စ​တွေ ကျ​ရောက်​​နေပါပြီ။” အဲဒီဒေသမှာရှိတဲ့ တပ်မတော်ဘက်ကနေပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက "အဲ့ဒီ ကျေးရွာအုပ်စုဝန်းကျင်မှာ မနေ့က တိုက်ပွဲတကြိမ်ဖြစ်တာရှိတယ်။ လက်နက်ကြီး ပစ်ခတ်တာကလည်း ရန်သူရှိတဲ့နေရာတွေကိုပဲ ပစ်တာဖြစ်တယ်၊ အခုပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်သွားဖို့ လုပ်နေပါတယ်" လို့ ပြောပါတယ်။ စံဂိုး​ထောင်​​ကျေးရွာအုပ်​စုမှာ ​ကျေးရွာ​ပေါင်း ၆ ရွာရှိပြီး ရခိုင်​ရွာ ၄ ရွာ နဲ့ ဘင်္ဂါလီ ၂ ရွာရှိ​ပြီး စုစု​ပေါင်း​ အိမ်​​ခြေ ၆၀၀ ကျော်​နဲ့ လူဦး​ရေ ၃၀၀၀ ​ကျော်​ နေထိုင်တယ်လို့ သိရပါတယ်။ ဗညား
2 years Ago
Up