ဘူးသီးတောင်တွင်

September 15, 2019

ဘူးသီးတောင်တွင် မိုင်းပေါက်ကွဲပြီး မိုင်းထောင်သူ သေဆုံး

ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ကင်းချောင်းကျေးရွာတံတားအနီး မိုင်းပေါက်ကွဲပြီး မိုင်းထောင်တဲ့သူပါ သေဆုံးသွားတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အတည်ပြုပြောကြားပါတယ်။ "မိုင်းပေါက်တာမှန်ပါတယ်၊ ဒီနေ့မနက် ၉ နာရီကျော်လောက်မှာ ဖြစ်တာပါ။ ဒီကောင်တွေ မိုင်းလာထောင်တာ စစ်ကြောင်းတွေလာနိုင်တဲ့ အဲဒီနေရာမှာ ဒီတခါဆိုရင် ၃ ခါရှိပြီ၊ ၂ ခါက မအောင်မြင်ခဲ့ဘူး။ အခုထောင်တာက မိုင်းထောင်တဲ့သူ မကျွမ်းကျင်တဲ့အတွက် မိုင်းထောင်ရင်းနဲ့ ပေါက်ကွဲပြီး ထောင်တဲ့သူပါ သေဆုံးသွားတယ်" လို့ အတည်ပြုပြောကြားပါတယ်။ ကင်ချောင်းကျေးရွာမှ တာဝန်ကျဆရာမတဦးက "ပေါက်ကွဲသံ ၂ ချက်ကြားရတယ်၊ ရွာသူရွာသားတွေပါ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတယ်။ အခုတော့ ငြိမ်သက်သွားလို့ ကျမတို့လည်း ဘူးသီးတောင်ကို ပြန်လာကြပါပြီ” လို့ ပြောပါတယ်။ ဘူးသီးတောင် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းက “ရွာသူရွာသားတွေ ပြောတာက မိုင်း ၃ လုံး ပေါက်တယ်လို့တော့ကြားတယ်။  ရွာသူရွာသားတွေ စိုးရိမ်နေကြကြောင်း ဖုန်းဆက်လာကြတယ်” လို့ ဆိုပါတယ်။ ကင်းချောင်းကျေးရွာမှာ အိမ်ခြေ  ၂၀ ကျော်နဲ့ ဦးရေ ၁၀၀ ကျော်ရှိပြီး ဘူးသီးတောင်မြို့နဲ့ ၄ မိုင်လောက် ဝေးတယ်လို့ သိရပါတယ်။ ================== ဘူးသီးေတာင္တြင္ မိုင္းေပါက္ကြဲၿပီး မိုင္းေထာင္သူ ေသဆုံး ေကာင္ေကာင္း ဘူးသီးေတာင္ၿမိဳ႕နယ္ေတာင္ပိုင္း၊ ကင္းေခ်ာင္းေက်း႐ြာတံတားအနီး မိုင္းေပါက္ကြဲၿပီး မိုင္းေထာင္တဲ့သူပါ ေသဆုံးသြားတယ္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက အတည္ျပဳေျပာၾကားပါတယ္။ "မိုင္းေပါက္တာမွန္ပါတယ္၊ ဒီေန႔မနက္ ၉ နာရီေက်ာ္ေလာက္မွာ ျဖစ္တာပါ။ ဒီေကာင္ေတြ မိုင္းလာေထာင္တာ စစ္ေၾကာင္းေတြလာႏိုင္တဲ့ အဲဒီေနရာမွာ ဒီတခါဆိုရင္ ၃ ခါရွိၿပီ၊ ၂ ခါက မေအာင္ျမင္ခဲ့ဘူး။ အခုေထာင္တာက မိုင္းေထာင္တဲ့သူ မကြၽမ္းက်င္တဲ့အတြက္ မိုင္းေထာင္ရင္းနဲ႔ ေပါက္ကြဲၿပီး ေထာင္တဲ့သူပါ ေသဆုံးသြားတယ္" လို႔ အတည္ျပဳေျပာၾကားပါတယ္။ ကင္ေခ်ာင္းေက်း႐ြာမွ တာဝန္က်ဆရာမတဦးက "ေပါက္ကြဲသံ ၂ ခ်က္ၾကားရတယ္၊ ႐ြာသူ႐ြာသားေတြပါ စာသင္ေက်ာင္းနဲ႔ ဘုန္းႀကီးေက်ာင္းမွာ ခိုလႈံေနၾကတယ္။ အခုေတာ့ ၿငိမ္သက္သြားလို႔ က်မတို႔လည္း ဘူးသီးေတာင္ကို ျပန္လာၾကပါၿပီ” လို႔ ေျပာပါတယ္။ ဘူးသီးေတာင္ ျပည္နယ္လႊတ္ေတာ္အမတ္ ဦးထြန္းေအာင္သိန္းက “႐ြာသူ႐ြာသားေတြ ေျပာတာက မိုင္း ၃ လုံး ေပါက္တယ္လို႔ေတာ့ၾကားတယ္။  ႐ြာသူ႐ြာသားေတြ စိုးရိမ္ေနၾကေၾကာင္း ဖုန္းဆက္လာၾကတယ္” လို႔ ဆိုပါတယ္။ ကင္းေခ်ာင္းေက်း႐ြာမွာ အိမ္ေျခ  ၂၀ ေက်ာ္နဲ႔ ဦးေရ ၁၀၀ ေက်ာ္ရွိၿပီး ဘူးသီးေတာင္ၿမိဳ႕နဲ႔ ၄ မိုင္ေလာက္ ေဝးတယ္လို႔ သိရပါတယ္။
2 years Ago

September 14, 2019

ဘူးသီးတောင်တွင် မိုင်းထိမှန်သည့် ကျောင်းသားတဦး လက်ချောင်းများ ဖြတ်ရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာအုပ်စု ကျွဲရိုင်း(နတလ) စံပြကျေးရွာ စာသင်ကျောင်းအနီး မိုင်းပေါက်ကွဲခဲ့တာကြောင့် အသက် ၁၂ နှစ်အရွယ် ၆ တန်းကျောင်းသား နှစ်ဦး ဒဏ်ရာရရှိခဲ့လို့ မောင်တောဆေးရုံမှာ ကုသမှု ခံ.ယူနေရပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့ နက်ပိုင်းက ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိတဲ့ ကျောင်းသား ၂ ဦးထဲက ၁ ဦးကတော့ ညာဘက်လက်ချောင်းအားလုံးဖြတ်လိုက်ရပြီး အကူအညီလိုအပ်နေတယ်လို့ ဖခင်ဖြစ်သူ ဦးကျော်ဖြူက ပြောပါတယ်။ "ထမင်စားပြီး ကလေးက ကျောင်းကိုထွက်သွားပါတယ်၊ အိမ်ကိုဒဏ်ရာရရှိပြီး ရောက်လာပြီးမှ သိရတာပါ။ ဘယ်လိုဖြစ်တယ်ဆိုတာ မသိရပါဘူး။ အခုကတော့ လက်ချောင်းတွေ အားလုံးဖြတ်လိုက်ရပါပြီ။” လို့ပြောပါတယ်။ မိုင်းထိမှန်ပြီး လက်ချောင်းအားလုံး ဖြတ်လိုက်ရတဲ့ကျောင်းသားကတော့ မောင်ခိုင်မောင်သိန်း ၁၂ နှစ် ဖြစ်ပြီး မောင်ငြိမ်းချမ်းအောင် ၁၂ နှစ် ကတော့ နားရွက်နဲ့ ရင်ဘတ်မှာ ထိခိုက်ခဲ့ပြီး ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသမှုခံယူနေကြပါတယ်။ တင်းမေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်သာဦးက  "စာသင်ကျောင်းနောက်ဘက်မှာပါ၊ ဘယ်အဖွဲက မိုင်းလည်းဆိုတာ မပြောတတ်ပါဘူး။ ဒဏ်ရာရတဲ့ ကလေးတွေကို အချိန်မီ ဘူးတောင်ဆေးရုံကို ပို့နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။ အခုလို မိုင်းပေါက်ကွဲတာကြောင့် ရွာသူ/သားတွေ စိုးရိမ်နေကြပြီး အပြင်မထွက် ရဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။ ဘူးသီးတောင်မြို့နယ် တင်မေကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၃ ရွာ ရှိပြီး အိမ်‌ခြေ ၂၀၀ လောက်ရှိပြီး လူဦးရေ ၇၀၀ ကျော်နေထိုင်ကြတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေနဲ့ မိုင်း‌ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် ၂၀၁၈ ဒီဇင်ဘာလကနေ အခု ၂၀၁၉ စက်တင်ဘာလအထိ အရပ်သား သေဆုံးသူ လူ ၈၀ ကျော်နဲ့ ဒဏ်ရာရသူ ၁၂၀ ကျော်လောက် ရှိတယ်လို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။ =========================== ဘူးသီးေတာင္တြင္ မိုင္းထိမွန္သည့္ ေက်ာင္းသားတဦး လက္ေခ်ာင္းမ်ား ျဖတ္ရ DVB ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ တင္းေမေက်း႐ြာအုပ္စု ကြၽဲ႐ိုင္း(နတလ) စံျပေက်း႐ြာ စာသင္ေက်ာင္းအနီး မိုင္းေပါက္ကြဲခဲ့တာေၾကာင့္ အသက္ ၁၂ ႏွစ္အ႐ြယ္ ၆ တန္းေက်ာင္းသား ႏွစ္ဦး ဒဏ္ရာရရွိခဲ့လို႔ ေမာင္ေတာေဆး႐ုံမွာ ကုသမႈ ခံ.ယူေနရပါတယ္။ စက္တင္ဘာ ၁၂ ရက္ေန႔ နက္ပိုင္းက ေပါက္ကြဲခဲ့တာျဖစ္ၿပီး ဒဏ္ရာရရွိတဲ့ ေက်ာင္းသား ၂ ဦးထဲက ၁ ဦးကေတာ့ ညာဘက္လက္ေခ်ာင္းအားလုံးျဖတ္လိုက္ရၿပီး အကူအညီလိုအပ္ေနတယ္လို႔ ဖခင္ျဖစ္သူ ဦးေက်ာ္ျဖဴက ေျပာပါတယ္။ "ထမင္စားၿပီး ကေလးက ေက်ာင္းကိုထြက္သြားပါတယ္၊ အိမ္ကိုဒဏ္ရာရရွိၿပီး ေရာက္လာၿပီးမွ သိရတာပါ။ ဘယ္လိုျဖစ္တယ္ဆိုတာ မသိရပါဘူး။ အခုကေတာ့ လက္ေခ်ာင္းေတြ အားလုံးျဖတ္လိုက္ရပါၿပီ။” လို႔ေျပာပါတယ္။ မိုင္းထိမွန္ၿပီး လက္ေခ်ာင္းအားလုံး ျဖတ္လိုက္ရတဲ့ေက်ာင္းသားကေတာ့ ေမာင္ခိုင္ေမာင္သိန္း ၁၂ ႏွစ္ ျဖစ္ၿပီး ေမာင္ၿငိမ္းခ်မ္းေအာင္ ၁၂ ႏွစ္ ကေတာ့ နား႐ြက္နဲ႔ ရင္ဘတ္မွာ ထိခိုက္ခဲ့ၿပီး ဘူးသီးေတာင္ေဆး႐ုံမွာ ေဆးကုသမႈခံယူေနၾကပါတယ္။ တင္းေမေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္သာဦးက  "စာသင္ေက်ာင္းေနာက္ဘက္မွာပါ၊ ဘယ္အဖြဲက မိုင္းလည္းဆိုတာ မေျပာတတ္ပါဘူး။ ဒဏ္ရာရတဲ့ ကေလးေတြကို အခ်ိန္မီ ဘူးေတာင္ေဆး႐ုံကို ပို႔ႏိုင္ခဲ့ပါတယ္” လို႔ ေျပာပါတယ္။ အခုလို မိုင္းေပါက္ကြဲတာေၾကာင့္ ႐ြာသူ/သားေတြ စိုးရိမ္ေနၾကၿပီး အျပင္မထြက္ ရဲျဖစ္ေနၾကတယ္လို႔ ဆိုပါတယ္။ ဘူးသီးေတာင္ၿမိဳ႕နယ္ တင္ေမေက်း႐ြာအုပ္စုမွာ ေက်း႐ြာေပါင္း ၃ ႐ြာ ရွိၿပီး အိမ္‌ေျခ ၂၀၀ ေလာက္ရွိၿပီး လူဦးေရ ၇၀၀ ေက်ာ္ေနထိုင္ၾကတယ္လို႔ သိရပါတယ္။ ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြနဲ႔ မိုင္း‌ေပါက္ကြဲမႈျဖစ္စဥ္ေတြေၾကာင့္ ၂၀၁၈ ဒီဇင္ဘာလကေန အခု ၂၀၁၉ စက္တင္ဘာလအထိ အရပ္သား ေသဆုံးသူ လူ ၈၀ ေက်ာ္နဲ႔ ဒဏ္ရာရသူ ၁၂၀ ေက်ာ္ေလာက္ ရွိတယ္လို႔ ရခိုင္အရပ္ဘက္အဖြဲ႕အစည္းေတြရဲ႕ စာရင္းေတြအရ သိရပါတယ္။
2 years Ago
Up