ဘူးသီးတောင်ဆေးရုံ

June 25, 2020

ဘူးသီးတောင်ဆေးရုံ၌ ကိုဗစ်-၁၉ လူနာ ၂၄ ဦးစာအတွက် ကြိုတင်ပြင်ဆင်ထား

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ဆေးရုံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၄ ဦးထိထားရှိနိုင်အောင် ကြိုတင်ပြင်ဆင်ထားတယ်လို့ ဘူးသီးတောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ ဘူးသီးတောင်မြို့နယ်ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းက "လက်ရှိ ပိုးတွေ့ လူနာ ၂ ယောက်ကိုတော့ ခုပြင်ဆင်ထားတဲ့အဆောင်မှာ မထားသေးပါဘူး။ ဒီအဆောင်မှာတော့ ပိုးတွေ့လူနာ၂၄ ဦးအထိထားနိုင်အောင် ကြိုတင်ပြင်ဆင်ထားပါတယ်။" လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ဇွန်လ ၂၅ ရက် မနက်အထို ကိုဗစ်-၁၉ အတည်ပြုလူနာတွေ တောင်ကုတ်ဆေးရုံမှာ ၁ ဦး၊ သံတွဲဆေးရုံမှာ ၁ ဦး၊ စစ်တွေဆေးရုံမှာ ၁ ဦး၊ ဘူးသီးတောင်ဆေးရုံမှာ ၂ ဦးနဲ့ မောင်တောဆေးရုံမှာ ၈ ဦး စုစုပေါင်း ၁၂ ဦးထိရှိနေပါတယ်။ Photo  - Kaung Mrat Naing / MPA
11 months Ago

February 14, 2020

ဘူးသီးတောင် စာသင်ကျောင်းပစ်ခတ်မှု တပ်မတော်နှင့် အေအေ အပြန်အလှန်စွပ်စွဲ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စညှင်းဝေအုပ်စု၊ ခမွေချောင်းကျေးရွာရှိ မူလွန် စာသင်ကျောင်းမှာ ဖေဖော်ဝါရီ ၁၃ ရက်မနက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကျောင်းသား ၂၁ ဦးဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သက်လို့ တပ်မတော်က အေအေ လက်ချက်လို့ ထုတ်ပြန် လိုက်ပြီး အေအေဘက်က တပ်မတော်လက်ချက်လို့ ပြောဆိုလိုက်ပါတယ်။  ဘူးသီးတောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းကို မနေ့ ၈ နာရီလောက်က အုပ်တောင်ကျေးရွာရဲ့  အရှေ့တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာ အရောက်မှာ အေအေအဖွဲ့က လက်နက်ကြီး/လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်လို့ တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အေအေအဖွဲ့တွေ ဆုတ်ခွာထွက်ပြေး သွားခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ အဆိုပါဆုတ်ခွာထွက်ပြေးတဲ့ အေအေတပ်ဖွဲ့တွေကို တပ်မတော် စစ်ကြောင်းက လိုက်လံ တိုက်ခိုက်ခဲ့ရာ အေအေအဖွဲ့က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ခမီးချောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ ကျရောက်ပေါက်ကွဲကာ စာသင်ကျောင်းရှေ့မှာ ဆော့ကစားနေတဲ့ ကျောင်းသားတွေ လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာရခဲ့တာလို့ တပ်မတော် သတင်းမှာဖော်ပြပါတယ်။  ရက္ခိုင့်တပ်တော် အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့  မြန်မာတပ်မတော်က ပစ်ခတ်လို့ စာသင်ကျောင်းကို ထိမှန်ခဲ့တာလို့ ပြောပါတယ်။ မြန်မာစစ်တပ်က ခမရ ၅၅၁ နဲ့ ကျနော်တို့ ရက္ခိုင့်တပ်တော်တို့ ၁၅ မိနစ် လောက်ကြာအောင်တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ အဲ့ဒီမှာ ရန်သူဘက်က အထိအခိုက်အကျ အဆုံးများတော့ တိုက်ပွဲပီးသွားပြီးလို့ နာရီဝက်လောက်ကြာတဲ့အခါ မြန်မာစစ်တပ်ရဲ့ ဘူးသီးတောင်အခြေစိုက် စခက ၁၅ ဌာနချုပ်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ လှမ်းပြီးတော့ ပစ်တာရှိတယ်။ အဲ့လို့ မြန်မာစစ်တပ်ဘက်က ရမ်းသမ်းပစ်ခတ်တဲ့လက်နက်ကြီး ကျည်က ဘူးသီးတောင်မြို့နယ် ခမွေချောင်းရွာစာသင်ကျောင်းကိုထိမှန်ပြီးတော့ ကျောင်းသား၂၀ ကျော်လောက်ဒဏ်ရာရရှိသွားတယ်။” လို့ ခိုင်သုခက ပြောပါတယ်။ မြန်မာကလေးများနေ့မှာ စာသင်ကျောင်းကို ပစ်ခတ်ခံရပြီး ကျောင်းသားကလေးငယ်တွေ ဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သက်လို့ ပြည်တွင်း ပြည်ပက အဖွဲ့အစည်းတွေက ကန့်ကွက် ရှုတ်ချခဲ့ကြ သလို ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်ဖို့ ဗြိတိန်နဲ့ ကနေဒါ သံရုံးတွေကနေ ကြေညာချက် ထုတ်ပြန် တိုက်တွန်းထားပါတယ်။
1 year Ago
Up