ဘူလ်ဂေးရီးယား

July 3, 2020

ဘူလ်ဂေးရီးယားရှုံးထွက်ဖလားဗိုလ်လုပွဲတွင် ပရိသတ်များ ကိုဗစ်စည်းကမ်းချက် ချိုးဖောက်

ဘူလ်ဂေးရီးယား ရှုံးထွက်ဖလားဗိုလ်လုပွဲမှာ ထောင်ချီတဲ့ပရိသတ်တွေဟာ ကိုဗစ်-၁၉ ကာကွယ်ရေး ကန့်သတ်ချက်တွေကို လိုက်နာခြင်းမရှိဘဲ အားပေးခဲ့ကြပါတယ်။  စီအက်စ်ကေအေ ဆိုဖီယာနဲ့ လိုကိုမိုးတစ်တို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ဘူလ်ဂေးရီးယား ရှုံးထွက်ဖလားဗိုလ်လုပွဲဟာ လိဂ်ပြိုင်ပွဲတွေကို ၃ လလောက် ရပ်နားထားပြီးနေက် ပထမဆုံးအကြိမ် ဘောလုံးပွဲစဉ် ပြန်လည်ကျင်းပခွင့်ပြုခဲ့တာပါ။  အစိုးရက ပရိသတ် ၁ သောင်း ၂ ထောင်ဝင်ရောက်ကြည့်ရူခွင့်ပေးခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရော ဂါကာကွယ်တားဆီးရေးအတွက် ကန့်သတ်ချက်တွေထုတ်ပြန်ခဲ့ပေမယ့် ပရိသတ်တွေက လိုက် နာခြင်းမရှိခဲ့တာပါ။  ကွင်းထဲမှာခပ်ခွာခွာနေပြီး အားပေးဖို့နဲ့ ကွင်းဝင်ပေါက်မှာ အခမဲ့ပေးဝေတဲ့ နှာခေါင်း စည်းတွေကို တပ်ဖို့  ကြေညာထားပေမယ့် ပရိသတ်အများစုက လိုက်နာခြင်းမရှိခဲ့တာပါ။ အဲဒီပွဲစဉ်မှာ လိုကိုမိုးတစ်ပရိသတ်တွေက Black Live Matter ဆိုတဲ့ လူမည်းအခွင့်အရေး လူပ်ရှားမှုကိုလည်း လှောင်ပြောင်ခဲ့ပြီး White Live Matter စာသားပါဆိုင်းဘုတ်တွေ ကိုင်ပြီး ပြသခဲ့ကြပါတယ်။ အဲဒီပွဲစဉ်ဟာ ပွဲချိန်အတွင်း ဂိုးမရှိသရေကျခဲ့တာကြောင့် ပင်နယ်တီအဆုံး အဖြတ်မှာ လိုကိုမိုးတစ်အသင်းက အနိုင်ရခဲ့ပါတယ်။ 
11 months Ago
Up