ဘူလ်ဂေးရီးယား

May 5, 2019

ပုပ်ရဟန်းမင်းကြီး ဘူလ်ဂေးရီးယားနိုင်ငံသို့ ရောက်ရှိ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဘူလ်ဂေးရီးယားနဲ့ မြောက်မက်ဆီဒိုးနီးယားကို သုံးရက်ကြာ ခရီးစဉ် ထွက်လာပြီး မေလ ၅ ရက်က ဘူလ်ဂေးရီးယားနိုင်ငံကို ရောက်လာခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးကို ဘူလ်ဂေးရီးယား  ၀န်ကြီးချုပ် ဘိုကိုဘာရိဗ်စ်က လေဆိပ်မှာ ကြိုဆိုခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဘူလ်ဂေးရီးယားမှာ နှစ်ရက်ကြာနေထိုင်မှာဖြစ်ပြီး အဲဒီကနေ  မြောက်မက်ဆီဒိုးနီးယားနိုင်ငံကို ဆက်သွားမှာပါ။ လူဦးရေ ၇ ဒဿမ ၁ သန်းကျော်နေထိုင်တဲ့ ဘူလ်ဂေးရီးယားနိုင်ငံမှာ ကက်သလစ်ဘာသာဝင် ငါးသောင်း ရှစ်ထောင်ကျော်သာရှိပြီး လူဦးရေ နှစ်သန်းနေထိုင်တဲ့ မြောက်မက်ဆီဒိုးနီးယားနိုင်ငံမှာ ကက်သလစ် ဘာသာဝင် တသောင်းခွဲသာ ရှိပါတယ်။
2 years Ago

July 9, 2018

တူရကီမှ ဘူလ်ဂေးရီးယားနယ်စပ် ပြေးဆွဲသည့် ရထား လမ်းချော်၊ အနည်းဆုံး ၁၀ ဦးသေ

တူရကီနိုင်ငံ မြို့တော် အစ္စတန်ဘူလ်ကနေ ဘူလ်ဂေးရီးယားနိုင်ငံ နယ်စပ်က ကပိကူလေမြို့ကို ပြေးဆွဲတဲ့ ရထားတစီး ဇူလိုင် ၈ ရက်နေ့က လမ်းချော်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး အယောက် ၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ခရီးသည် အယောက် ၃၆၀ ပါတဲ့ ရထားတွဲ ၆ တွဲ လမ်းချော်ခဲ့တယ်လို့ တီအာတီ ဟာဗာ ရုပ်သံက ပြောပါတယ်။ လမ်းချော်ရတဲ့ အကြောင်းရင်းကို မသိသေးပေမယ့် ရာသီဥတုဆိုးပြီး မြေပြိုနေတယ်လို့ အာဏာပိုင်တွေက အပြစ်တင်ထားပါတယ်။ တံတားတစီး ပြိုကျနေခဲ့လို့ မတော်တဆဖြစ်တာလို့လည်း စီအန်အန် တာ့ခ် (CNN Turk) သတင်းဌာနက အစီရင်ခံထားပါတယ်။
3 years Ago
Up