ဘူဖွန်

June 23, 2019

ဂိုးသမားကြီး ဘူဖွန်ကို ခေါ်ယူမည့်အသင်းထဲ လိဒ်စ်ယူနိုက်တက် ပါဝင်လာ

အသက် ၄၁ နှစ်အရွယ် အသင်းလက်မဲ့ဖြစ်နေတဲ့ ကမ္ဘာ့နံပါတ်(၁) ဂိုးသမားဟောင်း ဘူဖွန်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်အသင်းလည်း ပါဝင်လာတယ်လို့သိရပါတယ်။ ဘူဖွန်ဟာ ပီအက်စ်ဂျီအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက်ပိုင်း အသင်းမရှိသေးဘဲ ဘရာဇီးလ်ကလပ် ဖလာမီးနီးစ်၊ ပေါ်တူဂီကလပ် ပေါ်တိုတို့က စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။ ဘူဖွန်ဟာ ကစားသမားဘဝကနေ အနားယူဖို့ မရှိသေးပဲ သူ့ရဲ့ နောက်ဆုံး အဆုံးသတ်မယ့် ကလပ်ကို ရွေးချယ်သွားဦးမှာဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးကစားမယ့် ကလပ်ကို အကြိုက်ဆုံးနေရာ နှစ်နေရာထဲက ရွေးချယ်သွားဖို့လည်း ရှိပါတယ်။ ဘူဖွန်ဟာ အီတလီကလပ် ဂျူဗင်တပ်စ်အသင်းမှာ ၁၇ နှစ်နဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီမှာ တရာသီ ကစားထားခဲ့သူလည်း ဖြစ်ပါတယ်။
3 years Ago

April 15, 2018

ရီးရဲလ်နှင့်ပွဲ ပင်နယ်တီပေးခဲ့သည့် ဒိုင်လူကြီး ငယ်လွန်းသေဟု ဘူဖွန် ဝေဖန်

ရီးရဲလ်မက်ဒရစ်အသင်းကို ပွဲပြီးခါနီးမှာ ပင်နယ်တီပေးခဲ့တဲ့ ဒိုင်လူကြီး အိုလီဗာဟာ ပွဲကြီးပွဲကောင်းတပွဲကို ကိုင်တွယ်ဖို့ ငယ်ရွယ်လွန်းသေးတယ်လို့ ဂျူဗင်တပ်ဂိုးသမား ဘူဖွန်က ဝေဖန်ပြောကြားလိုက်ပါတယ်။ ဂျုဗင်တပ်အသင်းဟာ ရီးရဲလ်နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ၃ ဂိုးပြတ်နဲ့ ဦး ဆောင်ပြီး နောက်တဆင့်တက်ဖို့ မျှော်လင့်ချက်ရှိခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ပင်နယ်ပေးခဲ့ရပြီး ဒိုင်လူကြီးကို စောဒကတက်ခဲ့တဲ့ ဘူဖွန်လည်း အနီကတ်ပြပြီး အထုတ်ခံခဲ့ရတာပါ။ အဲဒီပွဲက အပြုအမူတွေနဲ့ ပတ်သက်ပြီး တောင်းပန်စကားပြောစရာမရှိဘဲ အင်္ဂလန်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာဟာ အခုလိုပွဲကြီးတပွဲကို ကိုင်တွယ်ဖို့ ငယ်ရွယ်လွန်းသေးတယ်လို့ ဘူဖွန်က ဝေဖန်ပြောကြားခဲ့ပါတယ်။ ဒိုင်လူကြီး မိုက်ကယ်အိုလီဗာဟာ အသက် ၃၃ နှစ်ပဲ ရှိသေးပြီး ဂိုးသ မား ဘူဖွန်ကတော့ အသက် ၄၀ ရှိပြီဖြစ်ပါတယ်။
4 years Ago
Up