ဘူတန်

January 21, 2021

ကိုဗစ်-၁၉ ကာကွယ်ဆေးများ အိန္ဒိယက ဘူတန်နိုင်ငံသို့ ပို့ဆောင်

အိန္ဒိယဟာ အိမ်နီးချင်း ဘူတန်နိုင်ငံဆီ ဇန်နဝါရီ ၂၀ ရက်ကစလို့ ကိုဗစ်-၁၉ ကာကွယ်ဆေး တွေ ပို့ဆောင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မွမ်ဘိုင်းလေဆိပ်ဝန်ထမ်းတွေဟာ ဘူတန်ဆီပို့မယ့် ကိုဗစ်ကာကွယ်ဆေးဘူးတွေကို ပြင်ဆင်နေပါတယ်။  ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်တဲ့ အိန္ဒိယကို ဝင်ငွေနည်းနဲ့ ဝင်ငွေ အလယ်အလတ် အဆင့် နိုင်ငံအတော်များများက အားကိုးနေရပါတယ်။  အကူအညီအရ ပေးအပ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို  မော်လ်ဒိုက်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ မြန်မာနဲ့ ဆေးရှဲလ်ကျွန်းနိုင်ငံတွေဆီ  ပေးအပ်သွားမယ်လို့ ဇန်နဝါရီ ၁၉ ရက်မှာ အိန္ဒိယ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။  ဒီလအစောပိုင်းက အိန္ဒိယဟာ အက်စ်ထရာ ဇန်နက်ကာနဲ့ ပြည်တွင်းဖြစ် ဘာရတ် ကိုဗစ်ကာကွယ်ဆေး နှစ်မျိုးကို ပြည်တွင်းမှာ အရေးပေါ် သုံးစွဲ  ခွင့်ပြုခဲ့ပါတယ်။ 
9 months Ago
Up