ဘူဂီဗေးလ်ဒေသ

November 24, 2019

ဘူဂီဗေးလ်ဒေသ လွတ်လပ်ရေးအတွက် လူထုဆန္ဒခံယူ

ပါပူဝါနယူးဂီနိနိုင်ငံရဲ့  ဘူဂီဗေးလ်ဒေသမှာ နိုဝင်ဘာလ ၂၃ ရက်နေ့က လွတ်လပ်ရေးအတွက် လူထုဆန္ဒခံယူပွဲပြုလုပ်ခဲ့ပြီး ဒေသခေါင်းဆောင် ဂျွန်မော်မစ်ကိုယ်တိုင် လာရောက်မဲပေးခဲ့ပါတယ်။    ဒီလူထုဆန္ဒခံယူပွဲဟာ ဘူဂီဗေးလ်ကို ကမ္ဘာ့နိုင်ငံသစ်တစ်ခု ဖြစ်၊ မဖြစ် အဆုံးအဖြတ် ပေးသွားမှာပါ။    သြစတြေးလျ၊ တရုတ်နဲ့ အမေရိကန်တို့က ပစိဖိတ်ဒေသမှာ သြဇာလွှမ်းဖို့ ကြိုးပမ်းနေချိန်  ဒီလွတ်လပ်ရေး ဆန္ဒခံယူပွဲမှာ ထောက်ခံသူ အလွန်များနိုင်တယ် မျှော်လင့်ရတယ်လို့ လိုဝီအင်စတီကျူ့ ပညာရှင်အဖွဲ့က ဆိုပါတယ်။  ဒေသတွင်းမြို့တော် မဲရုံမှာ လာရောက်မဲပေးတဲ့ ဘူဂီဗေးလ်ဒေသခေါင်းဆောင်က  လာရောက်မဲပေးသူတွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လိုက်နာဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ဘူဂီဗေးလ်ဒေသ လွတ်မြောက်ရေး တိုက်ခိုက်ရေးသမားတွေနဲ့ ပါပူးဝါနယူဂီနိ တပ်ဖွဲ့တွေအကြား  ဆယ်စုနှစ်တခုကြာ စစ်ဖြစ်ပြီးနောက် ရခဲ့တဲ့ သဘောတူညီချက်ပါ။ ဒီလွတ်လပ်ရေး ဆန္ဒခံယူပွဲက ရလာတဲ့ မဲရလဒ်တွေကို ပါပူဝါပါလီမန်မှာ တင်ပြပြိး   လွတ်လပ်ရေးအတွက် ညှိနှိုင်းသွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up