ဘူဂတ်တောင်

July 10, 2020

ဆိုးလ်မြို့တော်ဝန်အလောင်း ဘူဂတ်တောင်တွင် တွေ့ရှိ

တောင်ကိုရီးယားရဲ့ထင်ရှားတဲ့ ဆိုးလ်မြို့တော်ဝန်  ပတ်ဝန်ဆွန်းကို ဆိုးလ်မြို့ရဲ့ မြောက်ဘက်  ဘူဂတ်တောင်မှာ သေဆုံးလျက် တွေ့ရတယ်လို့ ရဲတပ်ဖွဲ့က  ဇူလိုင် ၁၀ ရက်မှာ  သတင်းထုတ်ပြန်ပါတယ်။  မြို့တော်ဝန် ပတ်အပေါ် စွပ်စွဲထားတဲ့  လိင်ပိုင်း မဖွယ်မရာလုပ်မှုကို  စုံစမ်းစစ်ဆေးနေချိန် အတွင်း ပတ်ဟာ ပျောက်ဆုံးသွားတယ်လို့ သမီးဖြစ်သူက ရဲကို အကြောင်းကြားပြီးနောက်မှာ  သူ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တာပါ။  ပတ်သေဆုံးရတဲ့အကြောင်းရင်းကို အသေးစိတ်စုံစမ်းနေပြီး သေဆုံးမှုဟာ ရာဇဝတ်မှု မဟုတ်ဘူးလို့ အခင်းနေရာမှာ ရဲတပ်ဖွဲ့တာဝန်ရှိသူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။    မြို့တော်ဝန်ပတ်ကို  လိင်ပိုင်းစော်ကားမှုနဲ့ တိုင်တန်းခဲ့ပြီးနောက်မှာ  စုံစမ်းရေးလုပ်နေ တယ်လို့လည်း  ရဲအရာရှိက ပြောခဲ့ပါတယ်။ ဆိုးလ်မြို့တော်ဝန် ပတ်ရဲ့ရုပ်အလောင်းကို သူရဲ့ဖုန်း နောက်ဆုံးအချက်ပြချက်  ထောက်လှမ်းသိရှိတဲ့ နေရာအနီးမှာ တွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြောင်း  ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
12 months Ago
Up