အရှေ့အလယ်ပိုင်းအတွက် ဘုံလုံခြုံရေးစနစ်တရပ်ကို စဉ်းစားကြဖို့ ရုရှဟာ ပါရှန်းပင်လယ်ကွေ့နိုင်ငံတွေကို တိုက်တွန်းနေခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်က ပြောပါတယ်။
အိန္ဒိယနိုင်ငံဒေလီမြို့မှာ ဇန်နဝါရီ ၁၅ ရက်က ကျင်းပနေတဲ့ လုံခြုံရေး ညီလာခံ အတွင်း လာ့ဗ်ရော့ဗ်က ပြောလိုက်တာပါ။
ယုံကြည်မှု တည်ဆောက်တဲ့ လုပ်ဆောင်ချက်တွေကနေ စတင်ပြီး စစ်ရေး လေ့ကျင့်ရာမှာ တနိုင်ငံကို တနိုင်ငံ အပြန်အလှန် ဖိတ်ခေါ်ကြဖို့ပါလို့ သူက ဆက်ပြောပါတယ်။
အီရန် ဗိုလ်ချုပ်ကာဆမ် ဆူလေမာနီကို အမေရိကန်က သတ်အပြီး အီရန်ကလည်း အီရတ်မှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်တိုက်ခိုက်အပြီးမှာ ပင်လယ်ကွေ့ဒေသအတွင်း တင်းမာမှု တိုးလာနေပါတယ်။
အဲဒီမှာ ဖြစ်နေတာတွေအတွက် အင်မတန် စိုးရိမ်တယ်လို့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး လာ့ဗ်ရော့ဗ်က ပြောခဲ့ပါတယ်။
1 year Ago