ဘိုးရင်းကုမ္ပဏီကြီး ၀န်ထမ်းအင်အား ၈၀၀၀ ခန့် လျှော့ချမည်

A d v e r t i s e m e n t With Us

April 2, 2016

ဘိုးရင်းကုမ္ပဏီကြီး ၀န်ထမ်းအင်အား ၈၀၀၀ ခန့် လျှော့ချမည်

ကမ္ဘာ့အကြီးဆုံး လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ ဘိုးရင်းကုမ္ပဏီက အခုနှစ်လယ်မှာ ၀န်ထမ်းအင်အား ၈၀၀၀ လောက်အထိ လျော့ချသွားဖို့ ရှိတယ်လို့ ကုမ္ပဏီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ အဲ့ဒီလျော့ချသွားမယ့်ထဲမှာ အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲရေးအရာရှိ ရာနဲ့ချီပါဝင်မယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စာရင်းအရ ဘိုးရင်ကုမ္ပဏီမှာ ၀န်ထမ်းအင်အားစုစုပေါင်း ၁ သိန်း ၆ သောင်းကျော်ရှိတဲ့အတွက် အခုနှစ်လျော့ချမယ့်ဦးရေကတော့ ၀န်ထမ်းအားလုံးရဲ့ ၃ ရာခိုင်နှုန်း လောက်ပဲ ရှိပါမယ်။ အမေရိကန်လေယာဉ်ကုမ္ပဏီကြီးဖြစ်တဲ့ ဘိုရင်းကုမ္ပဏီဟာ ဥရောပရဲ့ ပြိုင်ဖက်လေယာဉ်ကုမ္ပဏီကြီးဖြစ်တဲ့  AirBus ကုမ္ပဏီကို ဈေးကွက်ဝေစုတွေ ခွဲဝေပေးနေရပြီး လေယာဉ်မှာယူမှုတွေ ကျဆင်းလာတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က ကုမ္ပဏီက ခန့်မှန်းခဲ့တာထက် ကျော်လွန်ပြီး လေယာဉ်အစီးရေ ၇၆၀ ကျော် ရောင်းချနိုင်ခဲ့ပေမယ့် လေယာဉ်သစ်မှာယူမှုကတော့ အကြီးအကျယ် ကျဆင်းခဲ့ပါတယ်။ အဓိက ဖောက်သည်တွေကတော့ အရှေ့အလယ်ပိုင်းနဲ့ အာရှနိုင်ငံတွေ ဖြစ်ကြပါတယ်။ လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေဆီက လေယာဉ်တစီး မှာယူဖို့ လေကြောင်းလိုင်းတွေဟာ ဒေါ်လာ ဘီလီယံနဲ့ချီ စရံပေးရပြီး  နှစ်အတန်ကြာမှပဲ လေယာဉ်သစ်တွေကို ရရှိကြတဲ့အတွက် လေယာဉ်သစ်မှာယူဖို့ လေကြောင်းလိုင်းတွေက လက်တွန့်နေကြတယ်လို့ ဆိုပါတယ်။
5 years Ago
Up