ဘိုလော့ဂ်နာ

April 12, 2016

အီတလီ စီးရီးအေ ရိုးမား ၁ - ၁ ဘိုလော့ဂ်နာ (ရုပ်သံဟိုက်လိုက်)

အီတလီ စီးရီးအေ ပွဲစဉ် ၃၂ လက်ကျန်ပွဲစဉ်အဖြစ် ရိုးမားနဲ့ ဘိုလော့ဂ်နာတို့ ဧပြီ ၁၁ ရက်ညက ယှဉ်ပြိုင်ရာ တဘက် ၁ ဂိုးစီ သရေကျသွားပါတယ်။ ဒီပွဲမှာ အိမ်ရှင် ရိုးမားအသင်း ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းခွင့်တွေ အသာရခဲ့ပေမယ့် ဂိုးကံခေနေခဲ့သလို တိုက်စစ်မှူး အယ်ရှာရာဝီ သွင်းတဲ့ဂိုးကလည်း လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရလို့ ရိုးမားအသင်း နစ်နာခဲ့ရပါတယ်။ အဖွင့်ဂိုးကိုတော့ ဘိုလော့ဂ်နာက ရရှိသွားပြီး ပွဲချိန် ၂၅ မိနစ်မှာ လူကာ ရိုဆက်တီနီ (Luca Rossettini) က သွင်းယူပေးခဲ့တာပါ။ ရိုးမားအတွက် ချေပဂိုးကိုတော့ ပွဲချိန် မိနစ် ၅၀ မှာ မိုဟာမက် ဆာလာ (Mohamed Salah) က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအပြီးမှာတော့ ရိုးမားက ရမှတ် ၆၄ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပြီး ဘိုလော့ဂ်နာကတော့ ရမှတ် ၃၇ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။
6 years Ago
Up